DVB Logo
Home
မြန်မာသတင်း
မဲဆောက်အထည်ချုပ်စက်ရုံပိတ်ထားသဖြင့်  မြန်မာလုပ်သား ၆၀၀ ကျော် အခက်ကြုံ 
DVB
·
August 4, 2020
မဲဆောက်အထည်ချုပ်စက်ရုံပိတ်ထားသဖြင့်  မြန်မာလုပ်သား ၆၀၀ ကျော် အခက်ကြုံ 
1 / 4
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်ထဲက အေဝမ်းအထည်ချုပ်စက်ရုံဟာ ကိုဗစ်-၁၉ ဂယက်ကြောင့် စက်ရုံပိတ်ထားတာ ၂ လကျော်ရှိနေပြီး ဒီနေ့အထိ ပြန်မဖွင့်သေးလို့ အဆိုပါစက်ရုံက အလုပ်သမားပေါင်း ၆၀၀ ကျော် စားဝတ်နေရေး အခက်အခဲဖြစ်နေရပါတယ်။ 

အလုပ်ရှင်က စက်ရုံကို ၂ လ ပိတ်မယ်ပြောတာကြောင့် ၂ လကျော်လာလို့ အလုပ်သမားတွေ ဟာအလုပ်ပြန်ဝင်ဖို့ မနေ့က စက်ရုံကိုရောက်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ အလုပ်ရှင်က စက်ရုံဖွင့် မပေးတဲ့အပြင် အလုပ်ပြုတ်လို့ အစိုးရဆီကရမယ့် ထောက်ပံ့ငွေတွေရဖို့ ကူညီမှုမပေးတာ၊ အလုပ်သမားတွေကို အဆောင်မှာနေခွင့်မပြုဘဲ နှင်ထုတ်တာတွေ၊ အရင် လုပ်အားခလက်ကျန်တွေ ရှင်းမပေးတာတွေရှိနေတယ်လို့  အေအေစီ မြန်မာအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်း က ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီစက်ရုံဟာ အရင်တုန်းက အလုပ်သမားတွေကို လုပ်အားခအပြည့်မပေးလို့ အလုပ်သမား ရုံးမှာ အတိုင်ခံရပြီး အလုပ်သမားတွေရဲ့ လုပ်အားခတွေ ပြန်ပေးဖို့ ရုံးက အမိန့်ချထားတာရှိတယ်။ အဲဒါ ၃ ရစ်ပြန်ပေးရမှာကို ၁ ရစ်ပဲပေးပြီး ၂ နှစ်ပြန်မပေးဘဲ ငြစ်ထားတာရှိတယ်။”

မနေ့က အလုပ်သမားတွေစုရုံးနေတဲ့ နေရာကို နယ်မြေခံတာဝန်ရှိသူတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရောက်လာပြီး စက်ရုံပိုင်ရှင်ကို ခုရက်ပိုင်းတွင်း ခေါ်ယူညှိနှိုင်းပေးမယ်လို့ ပြောဆိုကာ အလုပ်သမားတွေကို လူစုခွဲပြီးပြန်ခိုင်းခဲ့ပါတယ်။ 

ဒီကနေ့မှာတော့ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာ အလုပ်ရှင်နဲ့ အလုပ်သမားကို တွေ့ဆုံညှိနှိုင်းပေးမယ်လို့ ဆိုပြီး နယ်မြေခံပြည်သူ့စစ်တွေက အလုပ်သမားခေါင်းဆောင်တချို့ကို လာခေါ်သွားကြောင်း၊ ပြေလည်မှုရမရတော့ မသိသေးပါဘူး။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်ကလည်း အလုပ်သမားဘက်ကနေ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေရာမှာ လူမှုဖူလှုံရေး အာမခံကတ် လုပ်ထားတဲ့သူတွေတော့ သူတို့လုပ်အားခရဲ့ ၆၂ ရာခိုင်နှုန်းကို ပြန်ရနိုင်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။ 

“အလုပ်သမားပေါင်း ၆၀၀ ကျော်မှာ ၂၀၀ ကျော်ဘဲ လူမှုဖူလှုံရေးအာမခံရှိတယ်။ သူတို့ ကတော့ ဥပဒေက သတ်မှတ်ထားတဲ့အတိုင်း သူတို့လုပ်အားခရဲ့ ၆၂ ရာခိုင်နှုန်းကို ခံစားရမှာ ဖြစ်ပါတယ်။ စက်ရုံပိတ်ထားတဲ့ ကာလတလျှောက်လုံးအတွက်ပေါ့။ ကျန်တဲ့ ၄၀၀ ကျော်က ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ အလုပ်လာလုပ်နေတော့ လူမှုဖူလှုံရေးအာမခံမရှိဘူး။ ဒါကြောင့် အစိုးရဆီကနစ်နာကြေးမရနိုင်ဘူးပေါ့နော်၊  ကိုဗစ် ၁၉ ကြောင့် အရင်  ၂ လ အလုပ်ပိတ်ထားတဲ့ကိစ္စ လျော်ကြေးရဖို့ ရုံးမှာပြောပြီးပြီ၊ နောက်ထပ် ၂ လဆက်ပိတ်မယ်ဆိုတဲ့ကိစ္စက ဘာကိုအကြောင်းပြ ပြီးပိတ်တာလည်း ဆိုတဲ့ဖြေရှင်းချက်ကို အလုပ်သမားတွေ တောင်းဆိုနေတယ်။ စားဝတ်နေရေး အခက်အခဲ ကိစ္စ ကတော့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။”

ကိုဗစ်-၁၉ ကာလမှာ လုပ်ငန်းတော်တော်များများပိတ်ထားတာကြောင့် မဲဆောက်တစ်ခု တည်းတင်မကဘဲ တခြားခရိုင်တွေမှာလည်း အခုလိုအခက်အခဲဖြစ်နေတဲ့ မြန်မာအလုပ်သမားတွေ များစွာရှိနေသေးကြောင်း ၊ မြန်မာသံအရာရှိတွေ လိုက်လံကူညီဆောင်ရွက်ပေးနေတာမှာ ကိုဗစ် ၁၉ ကာလ အလုပ်လက်မဲ့ဖြစ်ရတဲ့ မြန်မာလုပ်သားဦးရေတွေတော့ စာရင်းတွေအကုန် မစုစည်း ရသေးဘူးလို့ ဦးဝေလင်းမောင်က ပြောပါတယ်။ 

ထိုင်းအလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကာကွယ်ရေး အရေးပေါ်ဥပဒေနဲ့ ထိန်းချုပ်ပိတ်ဆို့ထားတဲ့ ကာလ တွေအတွင်း ထိုင်းအလုပ်သမားရော နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေပါ အလုပ်လက်မဲ့ ဦးရေ အနည်းဆုံး  ၆ သန်းခန့်ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဓာတ်ပုံ - ရဲမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013