DVB Logo
Home
မြန်မာသတင်း
ဦးကိုကိုကြီးအပါအဝင် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ၁၅၂ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
August 4, 2020
ဦးကိုကိုကြီးအပါအဝင် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ၁၅၂ ဦး ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့ပါတီအနေနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ၉ ဦးအပါအ၀င် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ပြောပါတယ်။ 

ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းနဲ့ပတ်သက်လို့ ဩဂုတ် ၄ ရက်နေ့က သတင်းမီဒီယာတွေနဲ့တွေဆုံပြီး အခုလိုပြောသွားတာပါ။ 

ပြည်သူ့ပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ပါ၀င်တဲ့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ၉ ဦးလည်း ပါ၀င်ယှဉ်ပြိုင်မှာဖြစ်သလို  ဦးကိုကိုကြီးကတော့  တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ၀င်ရောက်ယှဉ်ပြိုင် မှာပါ။ 

ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်က‌တော့ ရန်ကုန်တိုင်းလွှတ်တော် အတွက် ကမာရွတ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ ဦးကျော်ကျော်ထွေး (ခ) ဦးမာကီးကတော့  ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက ၀င်ပြိုင်မှာလို့ ပြောပါတယ်။ 

ဒါအပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်တွေဖြစ်တဲ့ ဦးကျော်ကျော်စိုး၊ ဒေါ်အေးအေးခိုင်၊ ဦးမျိုးမင်းဇော်၊ဦးမောင်မောင်လှိုင်၊ ဦးညိုထွန်းတို့လည်း ပါ၀င်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

ပြည်သူ့ပါတီအနေနဲ့ ရန်ကုန်မှာ ကိုယ်စားလှယ်အများဆုံး ပါ၀င်ယှဉ်ပြိုင်မှာဖြစ်သလို မန္တလေးနဲ့ ဧရာ၀တီတိုင်းမှာလည်း ၀င်ပြိုင်မယ့် ကိုယ်စားလှယ်များတယ်လို့ ပြည်သူ့ပါတီက ပြောပါတယ်။

ပြည်သူ့ပါတီအနေနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မယ့် တာမွေမြို့နယ်မှာလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာတစ်နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013