DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် မျိုးသန့်ထုတ်မည့် မိုးစပါးစိုက်ဧက ၈၀၀၀ ကျော်အတွက် ထောက်ပံ့ငွေပေးမည်
DVB
·
August 4, 2020
မကွေးတိုင်းတွင် မျိုးသန့်ထုတ်မည့် မိုးစပါးစိုက်ဧက ၈၀၀၀ ကျော်အတွက် ထောက်ပံ့ငွေပေးမည်
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းမှာ မျိုးကောင်းမျိုးသန့် ထုတ်လုပ်မယ့် မိုးစပါးစိုက်ဧက ၈၀၀၀ ကျော်က တောင်သူတွေအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေတွေ ပေးအပ်သွားမယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

မျိုးသန့် ထုတ်လုပ်ပေးမယ့် မိုးစပါး စိုက်ဧက ၈၀၅၀ က တောင်သူတွေအတွက် တဧကကို ကျပ် တစ်သိန်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းမြတ်က ပြောပါတယ်။

 “ မျိုးသန့်ထုတ်လုပ်တဲ့အခါ အထွက်နှုန်းကောင်းမျိုးနဲ့ အရည်သွေးကောင်းမျိုး ဆိုပြီးတော့ ၂ မျိုး ခွဲခြားထားပြီး မျိုးအပေါ်မှာ မူတည်ကာ ထောက်ပံ့ငွေ အနည်းငယ်ကွာဟမှု ရှိနိုင်တယ်။ မျိုးနဲ့စိုက်စရိတ်၊ မျိုးကွဲပယ်တဲ့လုပ်ငန်းစဉ်နဲ့ ရိတ်သိမ်းတဲ့လုပ်ငန်းတွေအတွက် ထောက်ပံ့မှာ ဖြစ်ပါတယ်။ မျိုးစေ့ထုတ် သမဝါယမအသင်းနဲ့၊ မျိုးစေ့ထုတ် တောင်သူအသင်းတွေ အားကောင်းလာအောင် ရည်ရွယ်ပြီးတော့ ဌာနအနေနဲ့ မျိုးစေ့ထုတ်လုပ်ငန်းတွေအတွက် ကွင်းဆင်း နည်းပညာပေးတာတွေ လုပ်ဆောင်ပေးနေတယ်။ မျိုးစေ့ထုတ်တဲ့အခါမှာလည်း မှတ်ပုံတင်ပြီး ထုတ်လုပ်တာဖြစ်လို့ စီးပွားဖြစ်ဖြန့်ချိနိုင်မယ့် မျိုးကောင်းမျိုးသန့်တွေ ထွက်ပေါ်လာကာ ကိုဗစ်-၁၉ အလွန်ကာလမှာ တောင်သူတွေ လိုအပ်နေတဲ့ မျိုးကောင်းမျိုးသန့်တွေ လုံလုံလောက်လောက်ရရှိမှာ ဖြစ်တယ်။”

မကွေးတိုင်းမှာ ဆည်ရေ၊ မြစ်ရေတင်၊ မြေအောက်ရေ၊ မိုးရေ စတဲ့ ရေရရှိရေး နည်းလမ်းတွေနဲ့ မိုးစပါးစိုက်ပျိုးဧက ၆၃၀,၀၀၀ လောက် လျာထား စိုက်ပျိုးနေတယ်လို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း- မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013