
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပန်းဇင်ရွာနား ပင်လယ်ပြင်မှာ နိုဝင်ဘာ ၂ ရက် ညနေ ၃ နာရီ ၁၀ မိနစ်လောက်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပန်းဇင်ရွာ ဒေသခံတယောက်က “လေဆင်နှာမောင်းက ရွာထဲကိုတော့ မဝင်လာဘူး။ ရွာရှေ့ ပင်လယ်ပြင်မှာ ဖြစ်သွားတာပါ။ ရွာသားတွေတော့ စိုးရိမ်ထိတ်လန့်ကုန်တာပေါ့” လို့ ပြောပါတယ်။
အဲဒီ လေဆင်နှာမောင်းဟာ မိနစ် ၃၀ ဝန်းကျင်ခန့် တိုက်ခတ်ခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပန်းဇင်ရွာဟာ မြိတ်မြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်ဝန်းကျင်မှာရှိပြီး လေဆင်နှာမောင်း တိုက်ခတ်ချိန် မြိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။











