DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျတွင် ပိတ်မိနေသည့်  မြန်မာနိုင်ငံသား  ၁၄၁ ဦး ရန်ကုန်ပြန်ရောက်  
DVB
·
August 4, 2020
ဩစတြေးလျတွင် ပိတ်မိနေသည့်  မြန်မာနိုင်ငံသား  ၁၄၁ ဦး ရန်ကုန်ပြန်ရောက်  
Donate to DVB

ဩစတြေးလျနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ သင်္ဘောသားတွေအပါအဝင်  မြန်မာနိုင်ငံသား ၁၄၁ ဦးကို  ကယ်ဆယ်ရေးလေယာဉ်နဲ့ ဩဂုတ် ၃ ရက်နေ့မှာ ပြန်လည်ခေါ်ယူခဲ့ တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

ဩစတြေးလျနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားတာကြောင့် နေရပ်ပြန်ဖို့ အခက်တွေ့နေတဲ့ မြန်မာနိုင်ငံသား ၁၄၁ ဦးကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ဆစ်ဒနီမြို့မှ  ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညက ရန်ကုန်ကို ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။

အခုခရီးစဉ်ဟာ ဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို တတိယအကြိမ် ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ 

ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး  သတ်မှတ်နေရာတွေမှာ  ၂၁ ရက်တာ အသွားအလာ ကန့်သတ် quarantine ထားရှိမှာဖြစ်ပါတယ်။

ဧပြီလကုန်မှ ဩဂုတ် ၃ ရက်မထိ ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၉၃၃၆ ဦးကို  ကယ်ဆယ်ရေး/ အထူးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

 ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013