DVB Logo
Home
မြန်မာသတင်း
ကာတာနိုင်ငံက ပြန်လာသူ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
August 3, 2020
ကာတာနိုင်ငံက ပြန်လာသူ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Donate to DVB

သြဂုတ် ၃ ရက်နေ့အတွက် ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၇၁၂ ခုအား စစ်ဆေးချက်အရ ကာတာနိုင်ငံက ပြန်လာသူ ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည၈ နာရီထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၇၅ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၈၈ နဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၄၉ ခု၊ စုစုပေါင်း ၇၁၂ ခု အား ဒီနေ့ည စစ်ဆေးခဲ့တာပါ။

လူနာသစ် ၂ ဦးဟာ ကာတာနိုင်ငံက ပြန်လာပြီး လှည်းကူးမြို့နယ်မှာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ အသက် ၂၁ နှစ်အရွယ် လူနာသစ် အမှတ် ၃၅၄ (ကျား) နဲ့ ပဲခူးတိုင်း သနပ်ပင်မြို့နယ်နေ အသက် ၃၀ အရွယ် လူနာသစ်အမှတ် ၃၅၅ (မ) တို့ဟာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘဲ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၀၂ ဦးထဲက ဆေးရုံမာ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၁ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ သန်းကျော်၊ သေဆုံးသူ ၆၉၃၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၁ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013