DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယနေ့နံနက် ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ်၊ ၃ ဦးသေဆုံး
DVB
·
August 3, 2020
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယနေ့နံနက် ယာဉ်မတော်တဆမှု ၄ ကြိမ်ဖြစ်၊ ၃ ဦးသေဆုံး
1 / 4
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီနေ့မနက်ပိုင်း ယာဉ်မတော်တဆမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီနေ့မနက် ၀၇း ၅၀ အချိန်လောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၆/၅ နဲ့ ၁၇၆/၆ ကြားမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၆ ဦးအနက် ကျား (၁) ဦး၊ မ (၁) ဦး သေဆုံးပြီး ဆွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ၈ နာရီကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၂၅/၂ နဲ့ ၁၂၅/၃ ကြားမှာ မော်တော်ယာဉ် ၁ စီး ရှေ့ယာဘီးပေါက်ပြီး လမ်းလယ်ကျွန်းအား ဝင်တိုက်မှုဖြစ်ပွားခဲ့လို့ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဗောဓိကုန်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။

အလားတူအချိန်မှာပဲ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၃/၆ အနီးမှာ မော်တော်ယာဉ် ၁ စီး လမ်းချော်ပြီး လမ်းလယ်ကျွန်းအားကျော်တက်ကာ ဘယ်ရီယာတုံးတွေအား ဝင်တိုက်တိမ်းမှောက်မှုဖြစ်ခဲ့လို့ စကားအင်း နဲ့ ပြင်စည်အမြန်လမ်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ၆ ဦးအနက် ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိတာကြောင့် တံတားဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

သြဂုတ် ၃ ရက်နေ့ မနက် ၁၁ ခွဲလောက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၂/၀နှင့် ၁၁၂/၁ ကြားမှာ ယာဉ် ၁ စီး အရှိန်မထိန်းနိူင်ဘဲ လမ်းလယ် သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့လို့ ၁၁၅ မိုင် အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပြီး ယာဉ်ပေါ်ပါ ၂ ဦးလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013