DVB Logo
Home
မြန်မာသတင်း
အမေရိကန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၃၆ ဦးကို ပြန်ခေါ်
DVB
·
August 3, 2020
အမေရိကန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၃၆ ဦးကို ပြန်ခေါ်
Donate to DVB

အမေရိကန်၊ ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ ပညာသင်ကျောင်းသားတွေအပါအဝင် မြန်မာ ၁၃၆ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

အမေရိကန်မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား အယောက် ၇၀၊ ကိုရီးယားသမ္မတနိုင်ငံက မြန်မာသင်္ဘောသား အယောက် ၃၀ ဦး၊ စုစုပေါင်း အယောက် ၁၀၀ တို့ကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့်  မြန်မာလေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့ပြီး မနေ့ည ၈ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

အလားတူ တရုတ်နိုင်ငံရှိ တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားပြီး ပညာသင်ကာလပြီးဆုံးတဲ့ မြန်မာပညာသင်ကျောင်းသား/သူ စုစုပေါင်း ၃၆ ဦးကိုလည်း Air China Cargo/Relief Fight နဲ့ ခေါ်ဆောင်ခဲ့ပြီး မနေ့ည ၇ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြန်ရောက်လာသူတွေကို ၂၁ ရက်တာ အသွားအလာကန့်သတ် နေထိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံအသီးသီးမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့  သြဂုတ် ၄ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ထပ်မံခေါ်ယူဖို့ စီစဉ်နေပြီး မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့တာ ၉၈၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013