DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်၌ ကျပ်သိန်း ၂၀၀ နှင့်ရွှေထည်များ ဖောက်ထွင်းသွားသူကို ရဲတပ်ဖွဲ့ ရှာဖွေနေ
DVB
·
August 3, 2020
ပေါင်မြို့နယ်၌ ကျပ်သိန်း ၂၀၀ နှင့်ရွှေထည်များ ဖောက်ထွင်းသွားသူကို ရဲတပ်ဖွဲ့ ရှာဖွေနေ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ မြိုင်သုခလမ်းရှိ နေအိမ်တလုံးမှာ သြဂုတ် ၁ ရက် ညပိုင်းက ငွေကျပ်သိန်း ၂၀၀ လောက်နဲ့ ရွှေထည်တွေ ဖောက်ထွင်းသွားသူအား ဖမ်းဆီးမိရေးအတွက် ရဲတပ်ဖွဲ့ ရှာဖွေနေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်တင်မိုး(ခ)မိအုန်းမြင့်မှာ မိသားစုနဲ့အတူ နေအိမ်အောက်ထပ်မှာ အိပ်ပျော်နေစဉ် မျက်နှာကို  ပုဆိုးအုပ်ထားတဲ့ လူတဦးက နေအိမ်အပေါ်ထပ်ကို ပြတင်းပေါက်တံခါးကတဆင့်ဝင်ကာ အပေါ်ထပ်ရှိ အဝတ်ဗီရိုထဲက ငွေကျပ်သိန်း ၂၀၀ လောက်နဲ့ ရွှေ ၈ ကျပ်သားလောက် ယူဆောင်ထွက်ပြေးသွားတာပါ။

နေအိမ်ဖောက်ထွင်းခံရသူ ဒေါ်တင်မိုး(ခ)မိအုန်းမြင့်က "မနက်အစောကြီး ၂ နာရီလောက်ရှိမယ်၊ အိမ်နောက်ဖေးဘက်က အသံကြားလို့ ထကြည့်တာ သူ့မျက်နှာကို ပုဆိုးနဲ့စည်းထားတယ်။ ကျမက သူခိုး သူခိုးလို့ အော်လိုက်တော့မှ အိမ်ခေါင်မိုးပေါ်က ခုန်ဆင်းပြီးထွက်ပြေးသွားတာပါ။ စိတ်မချလို့အပေါ်ထပ်က ဗီရိုကိုသွားပြန်ကြည့်တော့မှ အဝတ်အစားတွေအားလုံး ဖွထားပြီးတော့ အထဲက ပိုက်ဆံနဲ့ ရွှေတွေပါသွားတာ သိရတယ်" လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါင်မြို့မ ရဲစခန်းက (ပ)၄၁၈/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကာ တရားခံအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေတယ်လို့ ရဲစခန်းက သိရပါတယ်။

ယူမင်းစိုး၊ ဓာတ်ပုံ - Michael Kyaw Mya Win

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013