DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၁,၂၃၂ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိ
DVB
·
August 3, 2020
ဓာတ်ခွဲနမူနာ ၁,၂၃၂ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိ
Donate to DVB

သြဂုတ် ၂ ရက်နေ့အတွက ဓာတ်ခွဲနမူနာ ၁,၂၃၂ ခုကို နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၉၀၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ၁၁၇ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ စုစုပေါင်း ၁,၂၃၂ ခုအား စစ်ဆေးခဲ့တာပါ။

နိုင်ငံခြားက ပြန်လာသူတွေကို ဓာတ်ခွဲနမူနာ စစ်ဆေးရာမှာ ဇူလိုင် ၃၀ ကနေ ဒီနေ့အထိ လူနာသစ် မတွေ့ရှိရဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၈ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၈၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ သန်းကျော်၊ သေဆုံးသူ ၆၉၂၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၁ ဒသမ ၄ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013