DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့ဝင်တိုးဂိတ်အား ခရီးသည်တင်ယာဉ်ဝင်တိုက်၊ ရဲတပ်ကြပ်အပါအဝင်  ၆ ဦး ဒဏ်ရာရ
DVB
·
August 2, 2020
မအူပင်မြို့ဝင်တိုးဂိတ်အား ခရီးသည်တင်ယာဉ်ဝင်တိုက်၊ ရဲတပ်ကြပ်အပါအဝင်  ၆ ဦး ဒဏ်ရာရ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့အဝင် ဘီးခွန်ကောက်ခံတဲ့ တိုးဂိတ်မှာ သြဂုတ် ၁ ရက် နေ့လယ်ပိုင်းက  ကြယ်စင်လင်း ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိခဲ့လို့ တာဝန်ကျယာဉ်ထိန်းရဲတပ်ကြပ် ၁ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်ကျွန်းမှ ရန်ကုန်မြို့ကို ပြေးဆွဲနေတဲ့ ကြယ်စင်လင်းခရီးသည်ယာဉ်မှာ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ဒိုင်နာကားတစ်စီးအား ဘေးခြမ်းအားဝင်တိုက်မိပြီး တိုးဂိတ်ရှိ ထိုင်ခုံမှာ ထိုင်နေတဲ့ တာဝန်ကျ ယာဉ်ထိန်းရဲတပ်ကြပ်လင်းထက်အောင်ကို ဝင်ရောက်တိုက်မိခဲ့တာလို့ မအူပင်မြို့ဝင်တိုးဂိတ် CCTV မှတ်တမ်းတွေအရ သိရပါတယ်။

"ကျနော်တို့က လမ်းကင်းတာဝန် ထမ်းဆောင်နေကြတာ၊ ကြယ်စင်လင်းလိုင်းကားက အရှိန်မထိန်းနိုင်ဘဲ ဝင်လာပြီး ရပ်ထားတဲ့ ဒိုင်နာကိုဝင်တိုက်လိုက်တာ ကျနော်က ပထမယာဉ်ထိန်းနဲ့ အတူထိုင်နေတာ၊ အဲဒီမှာက ကွပ်ပျစ်က ထိုင်ခုံပုံစံလေးရှိတယ်လေ၊ ရေထသောက်တဲ့အချိန် ဒိုင်နာကအရှိန်နဲ့ ကွပ်ပျစ်နဲ့သစ်ပင်ကို ဆက်စောင့်တာ၊ ကျနော့်ဆိုင်ကယ်က လမ်းဘေးရပ်ထားတာ တစစီဖြစ်သွားတာပေါ့။ ယာဉ်ထိန်းကတော့ ဝင်တိုက်မိပြီး တော်တော်လေးထိခိုက်သွားတယ်" လို့ မအူပင်တိုးဂိတ်တာဝန်ကျ ရဲတပ်သား ရဲမင်းစိုးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင် တိုးဂိတ်တာဝန်ကျ ယာဉ်ထိန်းရဲတပ်ကြပ် လင်းထက်အောင်မှာ ညှပ်ရိုးကျိုးဖူးယောင် ဒဏ်ရာရရှိခဲ့ပြီး ကြယ်စင်လင်းယာဉ်မောင်း ဦးစိန်သန်းမှာ ဝဲဒူး ၁ လက်မခန့်ကွဲ၊ ဝဲပါးဖူးရောင်ဒဏ်ရာ၊ ကျန်ခရီးသည်တွေမှာ ဖူးရောင်ဒဏ်ရာတွေနဲ့ ဒိုင်နာယာဉ်မောင်းကတော့ ဝဲမျက်ခုံး ၄ လက်မခံကွဲ၊ ဝဲခြေမျက်စေ့ ၄ လက်မခန့်ကွဲရှ ဒဏ်ရာတွေ အသီးသီးရရှိခဲ့လို့ ဂရုဏာလူမှုကူညီရေးအသင်းကားနဲ့ မအူပင်မြို့ပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ပေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ကြယ်စင်လင်းခရီးသည်တင်ယာဉ်မောင်း ဦးစိန်သန်းကို မအူပင်မြို့မရဲခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-အောင်မြသန်း(ဧရာဝတီတိုင်းမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013