DVB Logo
Home
မြန်မာသတင်း
ဂျပန်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၇၂ ဦးကို ပြန်ခေါ်၊ စုစုပေါင်း ၅၄၆ ဦးရှိပြီ
DVB
·
August 2, 2020
ဂျပန်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၇၂ ဦးကို ပြန်ခေါ်၊ စုစုပေါင်း ၅၄၆ ဦးရှိပြီ
Donate to DVB

ဂျပန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၂ ဦးကို ကယ်ဆယ်ရေးလေယဉ်နဲ့ မနေ့ညနေပိုင်းက ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံ ရောက်ရှိနေပြီး မြန်မာနိုင်ငံ ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၂ ဦးအား Narita အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  All Nippon Airways(ANA) ကယ်ဆယ်ရေးလေယာဉ်နဲ့ တတိယအကြိမ် ခေါ်ဆောင်ခဲ့တာဖြစ်ပြီး မနေ့ ညနေ (၀၅:၀၀) နာရီ အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြန်ရောက်လာသူတွေကို ၂၁ ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေး တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ် ပြန်ခေါ်ခဲ့တာ စုစုပေါင်း ၅၄၆ ဦးရှိပြီလို့ သိရပါတယ်။ သြဂုတ် ၆ ရက်နေ့မှာလည်း စတုတ္ထကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013