
အမေရိကန်နိုင်ငံ၊ ကန်းဆက်စ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (F) ပွဲစဉ်မှာ နယ်သာလန်အသင်းက တူနီးရှားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုပထမနေရာနဲ့ ရှုံးထွက် အဆင့်ကို တက်ရောက်သွား ပါတယ်။
ပွဲအစ ၃ မိနစ်မှာတင် တူနီးရှားကစားသမား အယ်လ်ရီစကီရီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကနေ နယ်သာလန်တို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ၄ မိနစ်အကြာမှာ ဘရိုင်ယန်ဘရော်ဘီက ဒုတိယဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းအစမှာ တူနီးရှားကစားသမား ဟာဇမ်မာစတူရီက ချေပဂိုးတဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့ ပွဲချိန် မိနစ် ၆၀ ကျော်မှာ ဂျန်ပေါလ်ဗန်ဟက်က နယ်သာလန်အတွက် အနိုင်သေချာစေမဲ့ တတိယဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် နယ်သာလန်အသင်းဟာ ရှုံးထွက် ၃၂ သင်းအဆင့်မှာ မော်ရိုကိုအသင်းနဲ့ သွားရောက်တွေ့ဆုံရမှာဖြစ်ပြီး တူနီးရှားအသင်းကတော့ အုပ်စုတွင်း ရမှတ်တမှတ်မှမရဘဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
Photo:Reuters











