DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၈၈၁ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ဆေးရုံဆင်းခွင့်ပြုပြီးသူ ၂၈၁ ဦးရှိ
DVB
·
August 1, 2020
ဓာတ်ခွဲနမူနာ ၈၈၁ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ ဆေးရုံဆင်းခွင့်ပြုပြီးသူ ၂၈၁ ဦးရှိ
Donate to DVB

ဇူလိုင် ၃၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၈၈၁ ခုကို နှစ်သုတ်ခွဲ စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ မတွေ့ရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ဆေးသုတေသနဦးစီးဌာနက  ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က  ၁၈၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၃၂၀ ခုနဲ့  ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ က  ဓာတ်ခွဲနမူနာ ၁၆၈ ခု၊ စုစုပေါင်း (၈၈၁) ခုကို စစ်ဆေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၆ ဦးရှိတဲ့ထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၁၅ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၆၈၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၁ သန်းကျော်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013