DVB Logo
Home
မြန်မာသတင်း
ပန်းတနော်တွင် မဲ‌ပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင်မရသေးသူ‌ ၃ သောင်းခွဲကျော် ရှိနေ
DVB
·
July 31, 2020
ပန်းတနော်တွင် မဲ‌ပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင်မရသေးသူ‌ ၃ သောင်းခွဲကျော် ရှိနေ
Donate to DVB

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆန္ဒမဲပေးခွင့် ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ သုံးသောင်းခွဲကျော်ရှိနေတယ်လို့ မြို့နယ်ကော်မရှင်ရုံးက သိရပါတယ်။

ပန်းတနော်မြို့နယ်မှာ ဇူလိုင်လအတွင်း ကောက်ယူရရှိထားတဲ့ စာရင်းအရ မဲပေးခွင့်ရှိသူ ၁၈၉,၃၃၅ ဦးရှိပြီး အဲဒီအထဲမှ မှတ်ပုံတင်မရရှိသေးသူ ၃၇၀၀၈ ဦးရှိ‌တယ်လို့ ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦး‌ထွန်းအောင်က ပြောပါတယ်။

"အရင်က မှတ်ပုံတင်မရှိတာ ငါးသောင်းကျော်ပါ၊ အခုသုံးသောင်းကျော် ရှိသေးပါတယ်၊ မရသေးတဲ့ နေရာတွေကို ကွင်းဆင်းပြီး တာဝန်ရှိသူ‌တွေက ဆက်လက်ဆောင်ရွက်နေပါတယ်" လို့ ပြေပါတယ်။

ပန်းတနော်မြို့နယ်အတွင်း  နိုင်ငံသားလက်မှတ်၊ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ်တွေ ထုတ်ပေးပြီး မဲပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မှတ်ပုံတင်မရရှိသေးသူ အများစုမှာ အသက် ၁၈ နှစ်မှ ၂၀ အတွင်း လူငယ်အများစုဖြစ်ပြီး ရပ်ကွက်အတွင်း ကွင်းဆင်းလုပ်ဆောင်ပေးမှသာ အဆင်ပြေမယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပန်း‌တနော်မြို့နယ်မှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက မဲရုံပေါင်း ၂၀၉ ရုံရှိခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မဲရုံပေါင်း ၂၁၇ ရုံ လျာထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံက သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013