DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃၃ ဦးကို ထိုင်းရဲ ဖမ်းဆီး
DVB
·
July 30, 2020
ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃၃ ဦးကို ထိုင်းရဲ ဖမ်းဆီး
1 / 4
Donate to DVB

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၃ ဦး  ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ တဘက်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာမယ့်သူတွေရှိနေကြောင်း သတင်းရတဲ့အတွက် ကန်ကျနပူရီခရိုင် ဆိုင်းယုဒ်မြို့နယ် အုပ်ချုပ်ရေးဌာန၊ လုံခြုံရေးကောင်စီ၊ နယ်မြေခံရဲ၊ လဝကနဲ့ ပြည်သူ့စစ်တွေ ပါဝင်တဲ့အဖွဲ့ဟာ ဇူလိုင် ၂၉ ရက်ညက  ဆိုင်းယုဒ်မြို့နယ် ဆီရီမုံးခုံးအုပ်စုရှိ ဝပ်ကရထောင်းကျောင်းတိုက်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

အဆိုပါကျောင်းတိုက်မှာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံ အတွင်းပိုင်းဘက်ကို ဆက်လက်ဝင်ရောက်ဖို့ ရှိနေတဲ့ မြန်မာအလုပ်သမားနဲ့ မိသားစုဝင်တွေအပါ အဝင် စုစုပေါင်း ၃၃ ဦးကို ကား ၂ စီးနဲ့အတူ ဖမ်းဆီးရရှိခဲ့တာပါ။ 

တာဝန်ရှိသူတွေက သူတို့အားလုံးကို လဝက ဥပဒေ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါတားဆီး ကာကွယ်ရေးဥပဒေတွေနဲ့ အရေးယူဖို့ ဆိုင်းယုဒ်ရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားကြောင်း သတင်း ထောက်ကို ပြောပါတယ်။ 

ဇူလိုင် ၂၉ ရက်မှာပဲ  ဘန်ကောက်နယ်မြေအသီးသီးမှာ ဥပဒေနဲ့မညီတဲ့ နိုင်ငံခြား သားဖမ်းဆီးရရှိမှု၁၀ မှုရှိကြောင်း ထိုင်းလဝကရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပြောပါတယ်။ 

အဆိုပါ ၁၀ မှုထဲမှာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်သူနဲ့ မိမိတည်းခိုရာ နေရပ် လိပ်စာကို လဝကရုံးထံအကြောင်းကြားဖို့ ပျက်ကွက်သူ ပါကစ္စတန်နိုင်ငံသား ၃ ဦး၊ လာအို ၁ ဦး၊ ကမ္ဘောဒီးယား ၄ ဦး ပါဝင်ပြီး ဗီဇာသက်တမ်းကုန်သူ အိန္ဒိယနိုင်ငံသား ၂ ဦးနဲ့ အလုပ်သမား လက်မှတ် မရှိဘဲ အလုပ်ဝင်လုပ်နေသူ ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ပါဝင်ပါတယ်။ 

ဒါ့အပြင် ဥပဒေနဲ့မညီညွတ်တဲ့နိုင်ငံခြားသားကို တည်းခိုခွင့်ပြုသူ၊ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်မှာ ငှားရမ်းခန့်ထားသူနဲ့ တရားမဝင်ဝင်ရောက်နေထိုင်သူကို အလုပ်ငှားရမ်းထားသူ ထိုင်းအလုပ်ရှင် ၃ ဦးတို့ပါ ဖမ်းဆီးခံခဲ့ရပါတယ်။ 

ကိုးကား : Siameagle News / Thailandreport news

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013