DVB Logo
Home
မြန်မာသတင်း
နိုင်ငံပေါင်း ၁၈၄ နိုင်ငံတွင် မြန်မာက ကိုဗစ်-၁၉ ကူးစက်ခံရပြီး နာလန်ပြန်ထူညွှန်ကိန်းအဆင့် ၂၀ ဖြင့်ရပ်တည်
DVB
·
July 29, 2020
နိုင်ငံပေါင်း ၁၈၄ နိုင်ငံတွင် မြန်မာက ကိုဗစ်-၁၉ ကူးစက်ခံရပြီး နာလန်ပြန်ထူညွှန်ကိန်းအဆင့် ၂၀ ဖြင့်ရပ်တည်
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည် နာလန်ထူသက်သာလာတဲ့ ကမ္ဘာ့နိုင်ငံ တွေေရဲ့ ညွှန်ကိန်းမှာ  မြန်မာနိုင်ငံက အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံရဲ့ စာရင်းအင်းဆိုင်ရာ ညွှန်ကိန်းတွေကိုတော့ Global Covid-19 Index (GCI) က အချိန်နဲ့ တပြေးညီ ဖော်ပြပေးထားတာဖြစ်ပြီး တနိုင်ငံချင်း စီရဲ့ လူဦးရေ၊ တဦးကျတိုင်းပြည်ဝင်ငွေ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအစီအမံ၊ ရောဂါကူးစက်မှု၊ သေဆုံးမှုနဲ့ ပြန်လည်သက်လာပျောက်ကင်းမှုစတဲ့ အချက်အလက် တွေအပေါ် အခြေခံပြီး တွက်ချက်ပေးထားတာ ဖြစ်ပါတယ်။

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတာကတော့ အိမ်နီးချင်းအာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဖြစ်ပြီး ပြန်လည်နာလန်ထူညွှန်ကိန်း ၈၂ ဒသမ ၂၇ နဲ့ ရပ်တည်နေကာ တောင် ကိုရီးယားနိုင်ငံကတော့ ၈၁ ဒသမ ၂၉ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

တတိယနေရာမှာတော့ လတ်ဗီးယားနိုင်ငံက နာလန်ထူညွှန်ကိန်း ၈၀ ဒသမ ၉၅ နဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ အာရှနိုင်ငံတွေဖြစ်ကြတဲ့ မလေးရှားနဲ့ ထိုင်ဝမ် က နာလန်ထူညွှန်ကိန်း ၇၉ ဒသမ ၄၃၊ ၇၈ ဒသမ ၆၈ အသီးသီးနဲ့ ထိပ်ပိုင်း ၅ နိုင်ငံအဖြစ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။

အဆိုပါနိုင်ငံတွေနောက်မှာတော့ နယူးဇီလန်၊ လစ်သူယေးနီးယား၊ ဩစတေးလျ၊ ကနေဒါနဲ့ ဖင်လန်နိုင်ငံတွေ ရှိနေတာ ဖြစ်ပါတယ်။

       မြန်မာနိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၆၉ ဒသမ ၇၉ နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး အာရှနိုင်ငံတွေထဲမှာတော့ ပဉ္စမမြောက် နိုင်ငံဖြစ်ပါတယ်။

       စင်ကာပူနိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၅၇ ဒသမ ၈၃ နဲ့ အဆင့် ၅၁ နေရာမှာ ရှိနေပြီး ဂျပန်နိုင်ငံက နာလန်ထူညွှန်ကိန်း၆၂ ဒသမ ၄၇ နဲ့ အဆင့် ၃၇ တွေမှာ အသီးသီး ရှိနေကြပါတယ်။

       အမေရိကန်နိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၄၂ ဒသမ ၉၁ နဲ့ အဆင့် ၁၂၀ မှာ ရှိ နေပြီး ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၆၂ ဒသမ ၇၅ နဲ့ အဆင့် ၃၅ နေရာတွေမှာ ရပ်တည်နေကြတာပါ။

       မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ဇူလိုင် ၂၉ ရက်မနက်အထိ အတည်ပြုလူနာ ၃၅၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၂၉၃  ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့  လတ်တလောအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ သန်းနီးပါး ရှိပြီး  သေဆုံးသူ ၆၆၀,၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၁၀ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013