DVB Logo
Home
မြန်မာသတင်း
အောင်လအန်ဆန် အွန်လိုင်းမှပါဝင် ဆွေးနွေးမည့် TEDxYangon ဟောပြောပွဲ ကျင်းပမည်
DVB
·
July 29, 2020
အောင်လအန်ဆန် အွန်လိုင်းမှပါဝင် ဆွေးနွေးမည့် TEDxYangon ဟောပြောပွဲ ကျင်းပမည်
Donate to DVB

မြန်မာစပါးကြီးမြွေလို့ ပရိသတ်တွေ သိကြတဲ့ အောင်လအန်ဆန်ဟာ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးသွားမယ့် TEDxYangon ဟောပြောပွဲကို လာမယ့် ဩဂုတ် ၂ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

Conversations with TEDxYangon - Aung La N Sang လို့အမည်ပေးထားတဲ့ ဆွေးနွေးပွဲကို မနက် ၈ နာရီခွဲကနေ ၉ နာရီခွဲထိ ပြုလုပ်သွားမှာဖြစ်ကာ စိတ်ပါဝင်စားသူတွေအနေနဲ့ အွန်လိုင်းပေါ်မှတဆင့် ဝင်ရောက်ဆွေးနွေးနိုင်မှာပါ။

ပွဲကျင်းပမယ့် ဖေ့စ်ဘွတ်ခ်စာမျက်နှာအောက်မှာလည်း မေးမြန်းလိုတာ၊ သိရှိလိုတာတွေကို မေးမြန်းထားနိုင်ကြောင်း ရေးသားထားတာပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အောင်လအန်ဆန်က သူ့ရဲ့ ဖေ့စ်ဘွတ်အင်တာနက် လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားပါတယ်။

“အခုလာမယ့် တနင်္ဂနွေနေ့ TEDxYangon ရဲ့ Conversations အစီအစဉ်မှာ ကိုဗစ် -၁၉ ကာလနောက်ပိုင်း ကျနော့်ရဲ့ နေ့စဉ်ဘဝ ဘယ်လို ပြောင်းလဲသွားလဲ၊ MMA လမ်းကြောင်းပေါ်ကို ကျနော် စရောက်ခဲ့ပုံနဲ့ ကျနော် ယုံကြည်စိတ်ဝင်စားသော အကြောင်းတရားများကို Facebook Live ကနေတဆင့် အားလုံးနဲ့ မျှဝေသွားပါမယ်”

TED ဆိုတာကတော့ ကမ္ဘာတဝန်းက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံဝိဇ္ဇာ၊ နည်းပညာ၊ အနုပညာ၊ ဖျော်ဖြေရေး၊ ဒီဇိုင်းပညာ စတဲ့ နယ်ပယ်အသီးသီးက အကြောင်းအရာတွေကို ပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေ၊ အောင်မြင်နေသူတွေက အတွေးအမြင်တွေ မျှဝေဟောပြောကြတဲ့ talk show တခု ဖြစ်ပါတယ်။

    “အတွေးအမြင်ကောင်းများကို မျှဝေခြင်း”ဆိုတဲ့ ဆောင်ပုဒ်နဲ့ကျင်းပတဲ့ ဒီဟောပြောပွဲတွေကို TED Talks လို့ခေါ်ပြီး www.TED.com အင်တာနက်ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ အခမဲ့ဝ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

TEDx ဆိုတာကတော့ TED conference ကနေ တိုက်ရိုက်စီစဉ်တာမျိုး မလုပ်ပေမယ့် TED license အောက်မှာ ကျင်းပတာမျိုးဖြစ်ကာ ဒေသတွင်း ကိုယ်ထူကိုယ်ထအဖွဲ့တွေ ဖွဲ့ပြီး TED Talks တွေ ကျင်းပနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ TEDxYangon ပွဲတွေကို ၂၀၁၆ ခုနှစ်က စတင်ကာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်း လူသိများ စိတ်ဝင်စားမှုတွေ ပိုမိုများပြားလာနေ ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်း ၅ ရက်နေ့တုန်းကတော့ ထင်ရှားတဲ့ သမိုင်းပညာရှင်တယောက် ဖြစ်တဲ့ ဒေါက်တာသန့်မြင့်ဦးနဲ့ Conversations with TEDxYangon: Dr. Thant Myint-U လို့ အမည်ပေးထားတဲ့ ပွဲကို ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013