DVB Logo
Home
မြန်မာသတင်း
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ၆ ဦး ယှဉ်ပြိုင်မည် 
DVB
·
July 28, 2020
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ၆ ဦး ယှဉ်ပြိုင်မည် 
Donate to DVB

လာမယ့် ၂၀၂၀ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် အင်းလေးဒေသ အခြေစိုက် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကလည်း ကိုယ်စားလှယ်လောင်း ၆ ဦး  ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

အဆိုပါကိုယ်စားလှယ်လောင်းတွေကို ပညာအရည်အချင်းထက် လူထုနဲ့အများဆုံး တွေ့ဆုံ မှုရှိပြီး လူထုထောက်ခံမှုရရှိသူတွေကို ရွေးချယ်ကာ တောင်ကြီးနဲ့ ရွှေညောင် ၂ မြို့နယ်မှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌ  ဦးအောင်ကြည်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ကိုယ်စားလှယ်လောင်းကို လူထုနဲ့တွေ့ဆုံမှုအများဆုံး၊ လူထုထောက်ခံမှုအများဆုံး ရတဲ့ သူကို အများဆန္ဒနဲ့ ရွေးထားပါတယ်ခင်ဗျ။ ဝင်ပြိုင်မှာကတော့ တောင်ကြီးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ၊ ညောင်ရွှေမြို့နယ် ပြည်နယ်ကိုယ်စားလှယ် ၂ နေရာ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁ နေရာနဲ့ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ နေရာပါ၊ ကိုယ်စားလှယ်တွေက ရွေးပြီးပါပြီ မနက်ဖန်ဖောင်တင်ပါမယ်။”

ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ရည်ရွယ်ချက်မှာ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်တဲ့ အခါမှာ တိုင်းရင်းသားလူမျိုးစုပါတီအနေနဲ့ ရပ်တည်နိုင်ဖို့၊ အင်းသူအင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို အဖွဲ့အစည်းအနေနဲ့ ဦးဆောင်ဦးရွက်ပြုပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့၊ အင်းလေးကန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းအနေနဲ့ တစိုက်မတ်မတ် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အင်းလေးဒေသမှာ လောလောဆယ် မြေယာပိုင်ဆိုင်မှုပြဿနာရှိနေကြောင်း၊ အစိုးရက သဘာဝဘေးမဲ့တောသတ်မှတ်ရာမှာ ဒေသခံတွေက အိမ်ယာမြေယာ ပုံစံ ၁၀၅ လုပ်ခွင့်မရှိတဲ့ကိစ္စ တွေရှိတော့ ကိုယ်စားလှယ်တွေအနိုင်ရရင် အဲဒီကိစ္စအရင်ဆုံး ကူညီဖြေရှင်းဖို့ရှိ တယ်လို့ ဆိုပါတယ်။ 

အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ( Inn National League Party  )ဟာ  ၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်နေ့ကမှ ပါတီထူထောင်ခွင့်ရခဲ့တဲ့ ပါတီသစ်တစ်ခုဖြစ်တာကြောင့်  ပါတီဝင်ဦးရေမှာလည်း  ၅၀၀ ကျော်လောက်သာ ရှိပါသေးတယ် ။ 

ရွေးကောက်ပွဲ နီးလာပေမဲ့ ကိုဗစ်-၁၉ ကာလ သွားရေးလာရေး အခက်အခဲ ကြောင့် ပါတီဝင်သစ်စည်းရုံးရေးတွေ ဆောင်ရွက်ဖို့ အခက်အခဲရှိနေတယ်လို့ ပါတီခေါင်းဆောင်က ပြော ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013