DVB Logo
Home
မြန်မာသတင်း
ထိုင်းကိုလာမည့် ရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော်အတွက် Quarantine စင်တာများ ပြင်ဆင်
DVB
·
July 28, 2020
ထိုင်းကိုလာမည့် ရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော်အတွက် Quarantine စင်တာများ ပြင်ဆင်
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာရောက်မယ့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော်အတွက် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ဖို့ Quarantine စင်တာတွေ ဖွင့်လှစ်ဖို့  ထိုင်းအစိုးရက ပြင်ဆင်နေပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုလျော့နည်းလာတာကြောင့် ရောဂါထိန်းချုပ်ရေးအတွက် အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းချက်တချို့ ‌ဖြေလျှော့ပေးပြီး ရပ်နားထားတဲ့ လုပ်ငန်းခွင်တွေလည်း ပြန်လည်စတင်နေပါတယ်။ 

လုပ်ငန်းစတင်တာနဲ့အမျှ အလုပ်သမားလိုအပ်ချက်တွေလည်းရှိလာတာကြောင့် ကိုဗစ်-၁၉ ကာလ နေရပ်ပြန်သွားတဲ့ အလုပ်သမားတွေကိုရော၊ နောက်ထပ်ဝင်ရောက်လာမယ့် လုပ်သား သစ်တွေကိုပါ  ပြန်လည်လက်ခံဖို့ ထိုင်းအစိုးရက ပြင်ဆင်နေပါတယ်။

ပြည်တွင်းမှာလုပ်ထားတဲ့ လော့ခ်ဒေါင်း တချို့ကို ဖြည်လျှော့လိုက်တာနဲ့ အလုပ်သမားတွေ လိုအပ်နေကြောင်း၊ ထိုင်းလူမျိုးတွေ မလုပ်နိုင်တဲ့ အလုပ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ငှားရမ်းခန့်ထားဖို့လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွါးရေးမှာလည်း လုပ်သားအင်အားတွေ လိုအပ်နေလို့  ရွှေ့ပြောင်းလုပ်သားတွေ အမြန်ခေါ်ယူနိုင်ရေး ကွာရန်တင်းစင်တာတွေ အဆင်သင့်ပြင်နေတယ်လို့ ထိုင်းအလုပ်သမားဦးစီးဌာန ဒုညွှန်မှူး နိုင်းချိတ်ဆဒ် ဝိဆွတ်ထိကွန်းက ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ပြောပါတယ်။ 

အဆိုပါ Alternative Local Quarantine   စင်တာတွေကို မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ရနောင်းခရိုင်၊ ကမ္ဘောဒီးယားနယ်စပ် ဆာကျောက်ခရိုင်နဲ့ လာအိုနယ်စပ် နောင်ခဲခရိုင် စတဲ့ခရိုင် ၄ ခုမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံထဲကို ဝင်ရောက်ဖို့ရှိတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်း လုပ်သားဦးရေ ၁ သိန်းကျော်ရှိပြီး အဲဒီထဲမှာ အလုပ်သမားကတ်/ ဗီဇာ သက်တမ်း Re-Entry Visa ရှိ အလုပ်သမားပေါင်း ၆၉၂၃၅ ဦး၊ အလုပ်သမားကတ်မရှိ ဗီဇာမရှိသေးတဲ့ (အလုပ်ရှင်တွေက Demand Letter လျှောက်လွှာတင်တောင်းခံထားတဲ့) အလုပ်သမားသစ် ၄၂၁၆၈ ဦးတို့ ပါဝင်ပါတယ်။ 

အဆိုပါ အလုပ်သမားတွေဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကင်းစင်ကြောင်း သေချာမှ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်ရမှာဖြစ်ပြီး ထိုင်းနိုင်ငံသို့အဝင် လဝကဂိတ်မှာ ၁ ကြိမ်၊ ကွာရန်တင်းဝင်ရောက်စဉ် ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ကိုဗစ်-၁၉ စစ်ဆေးမှုခံယူရမှာ ဖြစ်ပါတယ်။ 

ကွာရန်တင်းဝင်ရောက်စဉ် ၁၄  ရက်အတွင်း နေထိုင်စားသောက်ဖို့ ကုန်ကျစရိတ်မှာ အလုပ်သမား ၁ ဦးကို ထိုင်းဘတ်ငွေ ၁၃၂၀၀ လောက် ကျသင့်မှာဖြစ်ပြီး အလုပ်ရှင်က တာဝန်ယူ ကုန်ကျခံပေးရမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာ့ခ်ခရိုင် မဲဆောက်ဘက်ကနေ ဝင်ရောက်လာမယ့် မြန်မာအလုပ်သမားတွေအတွက်  ကွာရန်တင်းစင်တာပြင်ဆင်ရေးနဲ့ ကျန်းမာရေးစည်းကမ်းတွေနဲ့အညီ နေရာချထားပေးဖို့ ကိစ္စတွေကို တာ့ခ်ခရိုင်တာဝန်ရှိသူတွေဟာ ဇူလိုင်  ၂၅  ရက်မှာ ခရိုင်တွင်းရှိ ဟိုတယ်နဲ့တည်းခိုရိပ်သာ ၄၀ ကျော်က လုပ်ငန်းရှင်တွေနဲ့  ဆွေနွေးခဲ့ ပါတယ်။ 

ကိုးကား - ထိုင်းတီဗွီ ချနယ်လ် ၇ သတင်း /  ခုမ်းချတ်လိုတ် သတင်း 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013