DVB Logo
Home
မြန်မာသတင်း
ခပ်ဆွေးဆွေးအလွမ်းဇာတ်လမ်းတပုဒ် (သို့) နီနီခင်ဇော်သီချင်းသစ် “မောင်”(ရုပ်သံ)
DVB
·
July 28, 2020
ခပ်ဆွေးဆွေးအလွမ်းဇာတ်လမ်းတပုဒ် (သို့) နီနီခင်ဇော်သီချင်းသစ် “မောင်”(ရုပ်သံ)
Donate to DVB

       နာမည်ကြီး တေးသံရှင် နီနီခင်ဇော်သီဆိုထားတဲ့ ခပ်ဆွေးဆွေး သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       “မောင်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ငြိမ်းချမ်းကိုက ရေးစပ် ပေးထားခဲ့ပြီး Oxygen Band ရဲ့ တီးခတ်မှုနဲ့အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       “မောင်… မောင့်ကိုချစ်ခဲ့ခြင်းက ဆုံးရှုံးဖို့လား… အရောင်ပိုစုံသောတောမှာ… အ တောင်တစုံ ခိုကာပျံပြီးသွားပါ… ငါ့ထက်သာတဲ့ သစ်ရိပ်မှာ နားခိုပါ… မောင်… အရှေ့ကို လျှောက်ခဲ့ပြီးမှ နောက်လှည့်မလို့လား… သံသရာလည်သောဘ၀ဟာ… အဖန်တရာ ကျင်လည်ရသော ခဏတာ… မိုးရိပ်တွေနဲ့ နှလုံးသားကိုစတေးခံပါ”

ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆို ပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါ တယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော်လည်း၊ ရပ် စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါ တယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)၊ ပါတီခင်ဇော် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာတော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန် မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီး လူသိများလာစေတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တစုံ တရာ သီချင်းဟာ လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေ အများကြီးချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

“မှားပြီးချစ်ခဲ့တာလား… ကိုယ်ကပဲ အစွဲအလန်းကြီးလွန်းတာလား… ကြိုဆိုပါ၏ ကျောတဘက်တချက်မှာ… နှုတ်ဆက်တဲ့စာ… လွမ်းတယ် ဆိုတာထက်ပိုပါတယ်… ငါ့ကို မမြင်ချင်လဲ မနှင်ပါနဲ့… ဘ၀မှာ တကြိမ်တခါလောက်များ… ကံကောင်းလိုက်ချင်တယ် … မောင်လို့ခေါ်လဲ ပြန်လှည့်မလာခဲ့… ခေါ်ခွင့်မရှိတော့တယ်… ငါစိုက်ပျိုးသမျှ ပြန်ရိတ် သိမ်းပေးပါ့မယ်”

အခုအသစ်ထွက်ရှိလာတဲ့ “မောင်”သီချင်းမှာလည်း သူ့ရဲ့ ထူးခြားတဲ့ သီဆိုဟန်နဲ့ အတူ တမူထူးခြားတဲ့ ဖန်တီးမှုအနုပညာကို ပရိသတ်တွေက ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။

ဒီသီချင်းကိုတော့ မြူးဇစ်ဗွီဒီယိုအနေနဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာဖြစ်ပြီး သရုပ် ဆောင်‌‌မော်ဒယ်  Francis Leo နဲ့ နီနီခင်ဇော်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ် ပါတယ်။

လတ်တလောမှာတော့ ဒီသီချင်းကို နီနီခင်ဇော်ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်ပေါ်မှာ နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ  ၂ သိန်းခွဲကျော် ရှိ နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013