DVB Logo
Home
မြန်မာသတင်း
ပဒိုမန်းငြိမ်းမောင် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
July 27, 2020
ပဒိုမန်းငြိမ်းမောင် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒို မန်းငြိမ်းမောင်ဟာ မိခင် အဖွဲ့အစည်းဖြစ်တဲ့ KNU ကနေ နုတ်ထွက်လိုက်ပြီး  လာမယ့် ရွေးကောက်ပွဲမှာ ကရင်ပြည်သူ့ပါတီ (ကေပီပီ)ပါတီရဲံ ပန်းတနော်မြို့နယ်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကေပီပီကနေပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ အရွေးခံမယ်။ မဲဆန္ဒနယ်က တော့ ပန်းတနော်မြို့နယ်ဖြစ်ပါတယ်။” လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ကရင်အမျိုးသားထုအတွက် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကို  ၂၀၁၅ ခုနှစ်မှာ မတရားအသင်းကနေပြီးတော့ ပယ်ဖျက်ပေးခဲ့တယ်။ အဲတော့ ကေအန်ယူဟာ နိုင်ငံရေးအရ အမျိုးသားရေးတာဝန်ကို လွတ်လွတ်လပ်လပ် ဒီလိုနေရာအထိ လွတ်လပ်မှုရခဲ့တယ်ပေါ့နော်။ ကရင်အမျိုးသားတွေ အများစုနေထိုင်တာ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ အများစုနေထိုင်တဲ့ အခါကျတော့ ဒီတိုင်းဒေသကြီးတွေမှာရှိတဲ့ကရင်အမျိုးသားရေး အမျိုးသားအကျိုးအတွက် အမျိုးသားရေးတာဝန်ထမ်းဆောင်ဖို့အတွက် ဒီနိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်တာဖြစ်ပါတယ်။ တကယ်လို့ ပြည်သူ့လွှတ်တော်မှာ ရွေးချယ်တင်မြောက်ခံရတယ်ဆိုလို့ရှိရင်တော့ ငြိမ်းချမ်းရေကို အောင်မြင်ရာ အောင်မြင်ကြောင်း အကျိုးပြုနိုင်မယ်လို့ ယုံကြည်တယ်။ နောက်တခုက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အလုပ်အကျွေးပြုနိုင်မယ်လို့ ယုံကြည်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့တရားသဖြင့်  ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ကြိုးပမ်း ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီယုံကြည်ချက်နဲ့ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။”

ပဒိုမန်းငြိမ်းမောင်ဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ သူ့ဇာတိမွေးရပ်မြေဖြစ်တဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးခံမှာဖြစ်ပါတယ်။

ပန်းတနော်မြို့နယ်မှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်‌တော်ကိုယ်စားလှယ်လောင်း မန်းညွှန့်သိန်းက   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

ပဒို မန်းငြိမ်းမောင်ကတော့ သူ့အနေနဲ့ ဒီလိုဝင်ရောက်အရွေးချယ်ခံခြင်းအားဖြင့် အနိုင်ရရှိမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

KNU အမြဲတန်းဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပဒို မန်းငြိမ်းမောင်ဟာ ၂၀၁၂ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ မှတ်ခံခဲ့ရပြီး သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းကစပြီး အစိုးရ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013