DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့်နေအိမ်ကို စောင့်ကြည့်ရန် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ရဲမိုးနှင့်အဖွဲ့ကို တာဝန်ပေး
DVB
·
April 21, 2026
Photo: Htin Lin Oo
Photo: Htin Lin Oo
Donate to DVB

လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ နေအိမ်ကို စောင့်ကြည့်ဖို့ နေပြည်တော်ကောင်စီက နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ရဲမိုးနဲ့အဖွဲ့ကို တာဝန်ပေးထားတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ၂ ဦး တွေ့ဆုံအပြီးမှာ ဧပြီ ၁၉ ရက်ကစလို့ ဥတ္တရသီရိမြို့နယ်မှာ နေထိုင်တဲ့ သမ္မတဦးဝင်းမြင့်ရဲ့ နေအိမ်ကို စောင့်ကြည့်ဖို့  နပတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ရဲမိုးနဲ့အဖွဲ့ကို တာဝန်ပေးခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဦးဝင်းမြင့်အိမ်ကို ဘယ်သူတွေလာတယ်ဆိုတာ စောင့်ကြည့်ဖို့ မြို့နယ်က ဗိုလ်မှူး ပြည့်ဖြိုဝင်းနဲ့ ရဲမှူးက တာဝန်ယူတယ်။ သူတို့ကတဆင့် ဥတ္တရသီရိခရိုင်က ဒုဗိုလ်မှူးကြီး ကျော်ကိုဝင်းကို အစီရင်ခံ ရတယ်၊ ခရိုင်ကတဆင့် နယ်လုံဝန်ကြီးကို ပြန်တင်ပြတာ။”

သမ္မတဦးဝင်းမြင့် နေအိမ်ကို စောင့်ကြည့်ဖို့ တာဝန်ပေးခံရသူတွေဟာ နေပြည်ှတော်ကောင်စီ၊ စရဖ (အထက်မြန်မာပြည်)၊ ရဲတပ်ဖွဲ့၊ ခရိုင်နဲ့ မြို့နယ်က စစ်တပ်၊ ရဲအင်အား ၃၀ ကျော် ပါဝင်တယ်လို့ သူက ရှင်းပြပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လွတ်လာပြီးနောက် အခုလို လုံခြုံရေး တင်းကျပ်လိုက်တာဖြစ်ပြီး ဘာကြောင့် လုံခြုံရေး တင်းကျပ်သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စရဖ (အောက်မြန်မာပြည်) က ဧပြီ ၁၈ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး ဧပြီ ၁၉ ရက် မနက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဦးဝင်းမြင့်ကို ၂၀၂၁ ဒီဇင်ဘာလမှာ ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄ နှစ် ချမှတ်ခဲ့ပြီး နောက်ပိုင်းမှာ ထောင် ၂ နှစ်ကို ပြန်လျှော့ပေါ့ပေးခဲ့ပါတယ်။

ဒီနောက် ၂၀၂၂ စက်တင်ဘာမှာ ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၃ နှစ်၊  ဒီဇင်ဘာလမှာ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဂတိအမှု ၅ မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၇  နှစ် စုစုပေါင်း ထောင်ဒဏ် ၁၂  နှစ်အထိ ချမှတ်ခံခဲ့ရတာပါ။

၂၀၂၃ ခု ဩဂုတ်လမှာတော့ ဦးဝင်းမြင့်အပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေထဲက တချို့ကို လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ပြီး အခု ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူးမှာတော့ လက်ကျန် ပြစ်ဒဏ်တွေကို လျှော့ပေးပြီး တောင်ငူထောင်ကနေ  ပြန်လွတ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013