DVB Logo
Home
မြန်မာသတင်း
အဓမ္မပြုကျင့်သူအား ဥပဒေအရ တိကျမှန်ကန်စွာ အရေးယူပေးရန် တောင်းဆို
DVB
·
July 26, 2020
အဓမ္မပြုကျင့်သူအား ဥပဒေအရ တိကျမှန်ကန်စွာ အရေးယူပေးရန် တောင်းဆို
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှာ  အဓမ္မပြုကျင့်သူကို ဥပဒေအရ တိကျမှန်ကန်စွာ အရေးယူပေးဖို့ အဓမ္မပြုကျင့်ခံရတဲ့ ၃ တန်း ကျောင်းသူရဲ့ မိခင်က တောင်းဆိုပါတယ်။

အဓမ္မ ပြုကျင့်ခဲ့သူကို အရွယ်မရောက်သေးသူအဖြစ် ပြောင်းလဲအမှုဖွင့်လှစ်ခဲ့တဲ့အပြင် အာမခံပေးထားတဲ့အပေါ် တရားဥပဒေအရ တိတိကျကျမှန်မှန်ကန် ပြစ်ဒဏ်ပေးနိုင်ဖို့အတွက် တာဝန်ရှိသူတွေ ကူညီဆောင်ရွက်ပေးဖို့ ဇူလိုင် ၂၆ ရက်နေ့က အမှုဖွင့်လှစ်ခဲ့တဲ့ ၃ တန်းကျောင်းသူရဲ့ မိခင်က ဒီဗွီဘီကို ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်၊ ထီလုံနယ်မြေရဲစခန်းက အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သူ မောင်ဝင်း (အသက် ၁၈ နှစ် ၁ လ)ကို အရွယ်ရောက်ပြီးသူအဖြစ် အမှုဖွင့်လှစ်ခဲ့ရာ မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် လှိုင်းဘွဲတရားရုံးကို တရားစွဲဆိုရာမှာ အသက်မပြည့်သေးတဲ့ လူငယ်အနေနဲ့ အမှုပြောင်းလဲဖွင့်လှစ်ခဲ့တဲ့အပေါ် အခုလို ပြောဆိုလိုက်တာပါ။

"ဒီလောက် ကလေးအပေါ် အကြိမ်ကြိမ်စော်ကားထားတာ။ အိမ်မှာလာပြီး ညှိနှိုင်းကြတယ်။ တခုပဲပြောချင်တယ်။ သားသမီးခြင်း ကိုယ်ချင်းစာစေချင်တယ်။ လူမဆန်တဲ့လုပ်ရပ်ကို ဥပဒေအရ မှန်မှန်ကန်ကန် အပြစ်ပေးဖို့ပဲ တောင်းဆိုချင်တယ်။"

လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ဆန်းဦးက “အဲဒါကတော့ လဝက အိမ်ထောင်စုစာရင်းအရ သူက အသက်ကမပြည့်ဘူးဖြစ်နေတယ်။ စိစစ်တွေ့ရှိအရ စာရွက်စာတမ်းအထောက်အထားနဲ့ တင်တဲ့အခါကျတော့ အသက်က မပြည့်သေးဖြစ်နေတယ်” လို့ ပြောပါတယ်။

အမှုကို တရားစွဲတင်ခဲ့တဲ့နောက် မြို့နယ်တရားရုံးက အသက်မပြည့်သေးတဲ့အတွက် အာမခံပေးတာဖြစ်ပြီး အာမခံပေးတာက တရားရုံးအပိုင်ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ထီလုံကျေးရွာမှာ ဧပြီ ၁၄ ရက် မနက်ပိုင်းက အသက် ၁၁ နှစ်အရွယ် ၃ တန်းကျောင်းသူဟာ ကျေးရွာအနီးက လယ်ကွင်းမှာ  ဆိတ်ကျောင်းရင်း ထန်းပင်အောက်နားနေခိုက် တစ်ရွာတည်းနေ အိမ်နီးချင်းဖြစ်သူ မောင်းဝင်(ခ)စတီးရား(အသက် ၁၈ နှစ် ၁ လ) ရောက်ရှိလာပြီး အနီးရှိလယ်ကွက်အတွင်း ခေါ်ဆောင်သွားပြီး အလိုမတူဘဲ  ၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တာပါ။

ပြုကျင့်ခံရတဲ့ ဒဏ်ရာကို ဆေးကုသမှုခံယူနိုင်ဖို့ လှိုင်းဘွဲဆေးရုံကို ရဲဆေးစာနဲ့ ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံတာဝန်ရှိသူတွေက ဒဏ်ရာအခြေအနေကြောင့် ဘားအံဆေးရုံကြီးကို လွှဲပြောင်းဆေးကုသမှုခံယူစေခဲ့ရသလို့ လက်ရှိမှာ သမီးဖြစ်သူဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစာနေရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

အရွယ်မရောက်သေးတဲ့သူကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သူကို အရေးယူပေးဖို့ မိခင်ဖြစ်သူက ထီလုံနယ်မြေရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးပြီး တရားစွဲတင်ခဲ့ရာမှာ တရားလိုအနေနဲ့ ရုံးချိန်း ၃ ခေါက် သွားရောက်အစစ်ခံရပြီး ဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013