DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် ကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
July 26, 2020
ဆားလင်းကြီးတွင် ကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးအလွဲသုံးမှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၅ ရက်မနက်အစောပိုင်းက ကြေးစင်တောင်ရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်းမှာ လှည့်ကင်းလှည့်နေတုန်း ဆီဆိုင်မှာ ဆီဖြည့်နေတဲ့ ကားစီးကို မသင်္ကာလို့ စစ်ဆေးဖို့ သွားရာမှာ မောင်းနှင်ထွက်ပြေးသွားပါတယ်။

ဒါကြောင့် လိုက်လံတားဆီးရာ ဆားလင်းကြီးမြို့နယ်၊ ဝါးတန်းရွာထဲမှာ စစ်ကိုင်းတိုင်း တမူးမြို့မှာနေသူ ခိုင်ပူ မောင်းနှင်ပြီး ထန်ငိုက်ဆွမ်ခုပ်(ခ) ဘဲဥ(ခ)ခုပ်ပီး လိုက်ပါလာတဲ့  PRADO အမျိုးအစား မော်တော်ယာဉ် ရပ်တန့်ထားတာကို တွေ့ခဲ့ပါတယ်။

အဲဒီကားပေါ်ကနေ ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့  ဘိန်းဖြူအလေးချိန် ၇.၇ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၇၇၀၀) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

သူတို့နားမှာပဲ မန္တလေး အောင်မြေသာစံမြို့နယ်နေ ငရုတ်သီး(ခ)ထွန်းမြတ်သူ မောင်းနှင်ပြီး အောင်ကိုလတ်(ခ)ခေါင်းပြား၊ ကျော်သက်လှိုင်(ခ)မှုံကြီး၊ ထန်တင်းလွယ်(ခ)အားလွယ်တို့ စီးနင်းလိုက်ပါလာတဲ့ WISH အမျိုးအစား မော်တော်ယာဉ်ကို တွေ့လို့ စစ်ဆေးရာမှာတော့ သူတို့ အကျိုးတူ ပူးပေါင်းသယ်လာတာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ သူတို့နဲ့အတူ အကျိုးတူပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ တမူးမြို့နေ မန်ဆွန်းလျန်(ခ)ဇောမ်းလျန်၊ တမူးမြို့၊ ထန်လျန်တွောင်နဲ့ ကပ်ပီး(ခ)ကပ်တောင်၊ ကလေးမြို့နေ ကမ်ခတ်ပေါင်(ခ)နောင်ပီးတို့ကိုလည်း ချောင်းဂွပူးပေါင်းစစ်ဆေးရေးစခန်းမှာ LAND CRUISER အမျိုးအစားမော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ဆားလင်းကြီးမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - CCDAC Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013