DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မြစ်ရေကြီးပါက လူ ၄ သောင်းကျော်အတွက် ရိက္ခာထောက်ပံ့ရန် ကြိုပြင်ထား
DVB
·
July 26, 2020
ဧရာဝတီတိုင်းတွင် မြစ်ရေကြီးပါက လူ ၄ သောင်းကျော်အတွက် ရိက္ခာထောက်ပံ့ရန် ကြိုပြင်ထား
Donate to DVB

ဧရာဝတီတိုင်းမှာ ရုတ်တရက် မြစ်ရေကြီးမယ့် အခြေအနေတွေဖြစ်ပေါ်လာရင် ရေဘေးသင့်ပြည်သူတွေအတွက် ကြိုတင်စီစဉ်မှုအနေနဲ့ လူဦးရေ ၄၂၀၀၀ စာ ကြိုတင်ပြင်ဆင်ထားတယ်လို့  တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရရုံးက သိရပါတယ်။

ဦးစီးဌာနအနေနဲ့ သဘာဝဘေးမဖြစ်ခင် စီမံချက်တွေ ရေးဆွဲပြင်ဆင်တာတွေနဲ့ ရေဘေးအန္တရာယ်အတွက်လည်း ပြည်သူတွေလိုက်နာရမယ့် အချက်တွေကို အသိပညာပေးလုပ်ငန်းတွေ ကျေးရွာတွေမှာ ကွင်းဆင်းဆောင်ရွက်တာတွေပြုလုပ်သလို ထောက်ပံ့ရေးပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားတယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက တိုင်းဦးစီးမှူး ဦးသန်းစိုးက DVB ကိုပြောပါတယ်။

“မိုးရွာသွန်းမှုများလို့ ရုတ်တရက် ရေကြီးလာနိုင်တဲ့ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပြင်ဆင်ထားတယ်။ အဓိက အစားအသောက်ဖြစ်တဲ့ စာနပ်ရိက္ခာအတွက်လည်း လူဦးရေ ၄၂၀၀၀ ကျော်လောက်ကို ထောက်ပံ့နိုင်အောင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။”

မိုးရွာသွန်းလို့ ရုတ်တရက်ရေကြီးလာနိုင်ဖွယ်ရှိတဲ့ ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ကယ်ဆယ်ရေးစခန်းတွေအနေနဲ့ အသုံးပြုဖို့ ကြိုတင် ပြင်ဆင်ထားသလို စာနပ်ရိက္ခာအတွက်လည်း လူဦးရေ ၄၂,၀၀၀ ကျော်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးက သိန်း ၁,၀၀၀ သုံးစွဲဖို့အတွက် ဖြည့်တင်းထားတယ်လို့ ဆိုပါတယ်။

မကြာခင်ရက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်းက မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးတွေပြိုကျခဲ့လို့ ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ်တွေအတွက်လည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်တာကြောင့် မြို့နယ်အချို့မှာ မြစ်ရေစိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့် မြင့်တက်လာနိုင်တယ်လို့ တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အချက်အလက်တွေအရ သိရပါတယ်။

ဇူလိုင်လမှာ မုတ်သုံလေအားပျက်ခြင်း ၁ ကြိမ်ဖြစ်ပေါ်နိုင်လို့  ဧရာဝတီတိုင်းမှာ ရွာသွန်းမြဲခန့် ထစ်ချုန်းရွာနိုင်ပြီးတော့ မိုးရွာမှုအနေနဲ့ကတော့ ဧရာဝတီတိုင်းမှာ ဇူလိုင်လ ၂၁ ရက်ကနေ့ ၂၆ ရက်နေ့ထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ တိုင်းဒေသကြီးမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်စိုးစိုးလွင်က DVB ကိုပြောပါတယ်။

“မိုးသည်းထန်စွာရွာသွန်းတဲ့အတွက်ကြောင့်မို့ ဒါလျှပ်တပြတ် ရေကြီးတာတွေနဲ့ မြေပြိုတာတွေ ဖြစ်တာတာမလို့ ကုန်းမြင့်နေ နေထိုင်တဲ့သူတွေနဲ့ မြေပြိုမှုအန္တရာယ်နဲ့  မြစ်ငယ် ချောင်းငယ်ဘေးမှာ နေထိုင်တဲ့ ရေကြီးရေလျှံ အန္တရာယ်တွေ ရှိနိုင်လို့ မိုးဇလကနေ ထုတ်ပြန် ထားတဲ့ ခန့်မှန်ချက်တွေ သတိပေးချက်တွေကို လိုက်နာဆောင်ရွက်ဖို့ အကြံပြုချင်ပါတယ်။”

မြစ်ရေကတော့ ဧရာဝတီမြစ်အနေနဲ့ ဆိတ်သာ၊ ဇလွန်၊ ဟင်္သာတမြို့မှာ စိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့် ငဝန်မြစ်ရေဟာ သာပေါင်းမြို့နဲ့ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့် နဲ့ မအူပင်တိုးမြစ်အနေနဲ့ ၁ ကြိမ်ခန့် စိုးရိမ်ရေအမှတ်ကို မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း မြောင်းမြခရိုင်နဲ့ မအူပင်ခရိုင်တို့မှာ မြစ်ရေကြီးမှု ၂ ကြိမ်အထိဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၄၃၆ စုမှ လူဦးရေ ၂၀၀၀ နီးပါးရေးဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013