DVB Logo
Home
မြန်မာသတင်း
ဂျော်ဒန်နှင့် ဘင်္ဂလားဒေ့ရှ်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၇၀ ကျော်ကို ပြန်ခေါ်
DVB
·
July 26, 2020
ဂျော်ဒန်နှင့် ဘင်္ဂလားဒေ့ရှ်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၇၀ ကျော်ကို ပြန်ခေါ်
Donate to DVB

ဂျော်ဒန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံ‌တွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုတွေ ယာယီရပ်ဆိုင်းထားတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တာပါ။

ဂျော်ဒန်နိုင်ငံ Century Miracle ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁ ဦးနဲ့ Camel and Vega ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၆၉ ဦးနဲ့ ရင်ခွင်ပိုက်ကလေးငယ် ၁ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၁၇၁ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက နိုင်ငံကူးလက်မှတ်သက်တမ်း ကျော်လွန်နေကြတဲ့ အယောက် ၂၀ နဲ့ ရင်ခွင်ပိုက်ကလေးငယ်အတွက် သက်သေခံ လက်မှတ်ထုတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှာ ပိတ်မိနေတဲ့ မြန်မာ သင်္ဘောသား ၁ ဦးနဲ့ ဒါကာမြို့က မြန်မာနိုင်ငံသား ၂ ဦး၊ ရန်ကုန်မြို့၊ အိန္ဒိယသံရုံးမှာ သံရုံးဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မဲ့ အိန္ဒိယသံတမန် မိသားစုဝင် (၃) ဦး တို့ကိုလည်း မနေ့ညက မြန်မာနိုင်ငံ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို ၂၁ ရက် အသွားအလာကန့်သတ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပ နိုင်ငံအသီးသီးမှာ ပိတ်မိ အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို  ပြန်လည်ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၈၇၀၀ ကျော် ရှိပြီလို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013