DVB Logo
Home
မြန်မာသတင်း
ကလေးဝ၊ မိုးကောင်းနှင့် ဖလမ်းမြို့တို့တွင် မြေငလျင်လှုပ်
DVB
·
July 25, 2020
ကလေးဝ၊ မိုးကောင်းနှင့် ဖလမ်းမြို့တို့တွင် မြေငလျင်လှုပ်
Donate to DVB

ကလေးဝမြို့၊ မိုးကောင်းမြို့နဲ့ ဖလမ်းမြို့တို့ အနီးမှာ မြေငလျင်အသီးသီး လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၆ နာရီ၊ ၅၂ မိနစ်၊ ၂၁ စက္ကန့် အချိန်မှာ ကလေးဝမြို့ရဲ့ အရှေ့တောင်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၀၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၄၆ ဒီဂရီ၊ အနက် ၆၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။

ဇူလိုင် ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉ နာရီ၊ ၀၇ မိနစ်၊ ၃၇ စက္ကန့် အချိန်ကလည်း မိုးကောင်းမြို့ရဲ့ အနောက်တောင်ဘက် ၂၄ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၀၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၇၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။

ဇူလိုင် ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၁၆ မိနစ်၊ ၀၁ စက္ကန့် အချိန်ကလည်း ‌ဖလမ်းမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၁၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၅၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013