DVB Logo
Home
မြန်မာသတင်း
၄ နှစ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အားရမှုအရှိဆုံးဖြစ်ဟု ကယားပြည်နယ် အစိုးရရှင်းလင်း
DVB
·
July 24, 2020
၄ နှစ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အားရမှုအရှိဆုံးဖြစ်ဟု ကယားပြည်နယ် အစိုးရရှင်းလင်း
Donate to DVB

ကယားပြည်နယ်မှာ ပြီးခဲ့ ၄ နှစ်တာကာလအတွင်း ဟိုတယ်နဲ့ခရီးသွားလာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး၊ စိုက်ပျိုးရေရရှိရေး၊ စည်ပင်သာယာရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ  အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ကယားပြည်နယ်အစိုးရက ရှင်းလင်းပြောကြားလိုက်ပါတယ်။

လက်ရှိအစိုးရရဲ့ စတုတ္ထတ၄ နှစ်တာ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ လွှိုင်ကော်မှာကျင်းပတဲ့  သတင်းစာရှင်းလင်းမှာ  ဒီဗွီဘီရဲ့မေးမြန်းချက်ကို  ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအံမော်က ဖြေကြားခဲ့တာပါ။ 

ဟိုတယ်နဲ့ခရီးသွားလာရေးကဏ္ဍမှာ ပြည်နယ်ကိုယ်စားပြုအနေနဲ့ ၂၀၁၉ ခုနှစ်အာဆီယံ သန့်ရှင်းသောမြို့တော်အဖြစ်ဆုရရှိခဲ့သလို အားကစားကဏ္ဍမှာလည်း ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုမှာ အတက်ကြွဆုံး ပါဝင်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ပထမဆုကို ၂ နှစ်ဆက်တိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြိမ် ၂၀၂၀ မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံမှာ လည်း ကုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံ (လွိုင်ကော်) ကနေပြီးတော့ ဘက်စုံစွမ်းဆောင်ရေဆုကို ရရှိခဲ့ပြီဂ ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးဆိုင်ရာ အထိမ်းအမှတ်နေ့ world patient safety day နေ့ အခမ်းအနားမှာလည်း patient safety champion ဆုကို ၂၀၁၉ ခု စက်တင်ဘာလမှာ ပြည်နယ်ပြည် သူ့ဆေးရုံကြီး (လွိုင်ကော်) ကနေပြီးတော့ ရရှိခဲ့တယ်လို့ဆိုပါတယ်။

လျှပ်စစ်ဓါအားဖြန့်ဖြူးရေးကဏ္ဍမှာ ကယားပြည်နယ်အတွင်း ကျေးရွာ ၅၁၇ ရွာ ရှိတဲ့အထဲ ၃၉၂ ရွာကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးထားပြီး ၈၂ ရွာကို ဆိုလာစနစ်နဲ့ ဓာတ်အားရရှိနိုင်အောင် လုပ်ဆောင်ပေးထားကာ ဒီဇယ်နဲ့မီးပေးနိုင်တာ ၁ ရွာ ရှိကြောင်းနဲ့ ကျန်တဲ့ ၄၂ ရွာကိုလည်း ဓာတ်အားပေးနိုင်ရေး စီစဉ်နေတယ်လို့   ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းခဲ့ပါတယ်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်နှင့် လူဝင်မှုကြီးကြပ်ရေးလူ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးခင်မောင်ဖြူက လျှပ်စစ်မီးမပေးနိုင်သေးတဲ့ ကျေးရွာ ၁၂၅ ရွာထဲက ၁၄ ရွာကို ထပ်မံဖြန့်ဖြူးပေးဖို့လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“အခုလက်ရှိ ၂၀၁၉-၂၀ ဘဏ္ဍနှစ်မှာ လျှပ်စစ်မီးမရသေးတဲ့ ကျေးရွာ ၁၄ ရွာကို ကျနော်လုပ်ပေးနေတယ်။ နောက်လကုန်လောက်ကျရင် ဒီ ၁၄ ရွာပေးနိုင်မယ်။ ဒါက လက်ရှိရှိတဲ့ရွာတွေကို ဘယ်လိုလုပ်ပေးနေတယ်ဆိုတဲ့အပိုင်းပေါ့။ အလားတူပဲ လာမယ့် ၂၀၂၀-၂၁ ဘတ်ဂျက်ထဲမှာ ကျန်ရှိတဲ့ ၁၆ ရွာထပ်ပြီးတော့ လျာထားပေးတယ်။ အားလုံးခြုံကြည့်လိုက်ရင်တော့ ကျန်ရှိတဲ့ရွာတွေကို လောလောဆယ်မှာပဲ နတလနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်နဲ့ ကျနော်တို့ဆိုလာစနစ်နဲ့လုပ်ပေးနေတာရှိတယ်။ အားလုံး ၈၂ရွာ။”

ဒါ့အပြင် ဒီအစိုးရ ၄ နှစ်တာကာလမှာ ကယားပြည်နယ်အတွင်း စီမံကိန်းကြီး ၄ ခုကို ခွင့်ပြုထားပြီး နိုင်ငံတော်ရဲ့လမ်းညွှန်ချက်တိုင်းလုပ်ဆောင်နေကြောင်း ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။

“ ကျနော်တို့ လုပ်ငန်းစီမံကိန်းအနေနဲ့ဆိုရင်တော့ ကျနော်တို့ ၄ ခု ခွင့်ပြုထားတာရှိတယ်။ ပထမတခုကတော့ ဟိုတယ်နဲ့ ဝန်ဆောင်မှုလုပ်ငန်း အဲဒါက ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့ရောင်ခြည်သစ်ကုမ္ပဏီဆိုတာ ပထမတခုပါ။ ဒုတိယတခုကတော့ globle south industry of company limited သူကကျတော့ ခဲမဖြူတို့၊ အဖြိုက်နက်တို့ သတ္တုရောရာ ကုန်ချောစက်ရုံတည်ဆောက်တဲ့ ကဏ္ဍဖြစ်ပါတယ်။ နောက်တခုကျတော့ ကယားပြည်နယ်အထိမ်းအမှတ်ကွင်းထဲမှာ စပ်မြတ်ထွန်း ဆောက်လုပ်ရေးတခု လုပ်ထားပြီးတော့ နောက်တခုက ဒီးမော့ဆိုက De Heus Myanmar ကုမ္ပဏီလီမီတက်က ပြင်သစ်ဝက်မွေးမြူရေး ခြံတို့ပဲဖြစ်ပါတယ်။ အဲဒီထဲမှာ  EIA/SIA လည်းပါဝင်ပါတယ်။ ဒါတွေကလည်း ကျနော်တို့ စီမံကိန်းစပြီးတော့ လျှောက်ထားကတည်းက ကျနော်တို့ ပြည်နယ်ရော၊ ပြည်ထောင်စုရော၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေနဲ့ ခွင်ပြုပြီးတော့မှ KIC, MIC အဲဒီဦးတည်ချက် တွေနဲ့သက်ဆိုင်ရာ ကုမ္ပဏီက ဖော်ဆောင်တဲ့ကိစ္စတွေဖြစ်ပါ တယ်။ ”

သတ္တုအများဆုံးထွက်ရာ မော်ချီးဒေသမှာလည်း အစိုးရရဲ့ ၄ နှစ်တာကာလအတွင်း ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက် ရောရာ သတ္တု ထုတ်လုပ်ခွင့်အတွက် အကြီးစား လုပ်ကွက် ၁ ကွက်နဲ့ ဧက ၅၀ အောက် အသေးစား လုပ်ကွက် ၈ ကွက်ကို ခွင့်ပြုထားကြောင်း ပြည်နယ်သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမးရေးဝန်ကြီးဦးတီရယ်က ပြောပါတယ်။ 

လုပ်သားတွေဘေးကင်းလုံခြုံစွာဆောင်ရွက်နိုင်ရေး မြန်မာ့သတ္တုတွင်းနည်းဥပဒေတွေအရ ခွင့်ပြုမိန့်ရ ကုမ္ပဏီအနေနဲ့ လိုက်နာဖို့ စစ်ဆေးကြပ်မတ်ကြောင်းလည်းပြာပါတယ်။  

ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်စိုးရအဖွဲ့ဝင်တွေ တချို့တက်ရောက်ရှင်းလင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013