DVB Logo
Home
မြန်မာသတင်း
မတူပီတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဒေသခံများ ဆေးဝါးကုသရေး အခက်ကြုံ
DVB
·
September 23, 2025
မတူပီတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဒေသခံများ ဆေးဝါးကုသရေး အခက်ကြုံ
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက် ဒေသခံပြည်သူတွေ ဆေးဝါးကုသရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ်က ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက် ကျန်းမာရေးပြဿနာ ဖြစ်တဲ့အခါ ဆေးဝါးကုသမှု ခံယူဖို့အတွက် လမ်းစရိတ် သိန်းဆယ်ချီ အသုံးပြုပြီး သွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတူပီမြို့နယ်က ကျေးရွာတွေမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာနဲ့ ဆေးဝါး မလုံလောက်မှုတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

ဒေသခံတွေဟာ ဖျားနာတဲ့အခါ မင်းတပ်မြို့နယ်နဲ့ ဇိုတုန်ဒေသ၊ လောက်တူဒေသတွေအထိ သွားရောက်ဆေးကုသနေရတဲ့အတွက် ကျန်းမာရေးပြဿနာဖြစ်ပါက သွားလာရတာ ကုန်ကျစရိတ်တွေ များနေရတာပါ။

သွားလာရတဲ့ လမ်းတွေကလည်း မိုးရာသီကာလ လမ်းပျက်စီးတာနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးကြောင့် မကြာခဏ လမ်းပိတ်တာတွေ ရှိတာကြောင့် သွားရေးလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မတူပီဒေသခံတယောက်က “ကျနော်တို့ဒေသမှာတော့လေ ကျန်းမာရေးလိုအပ်ချက်တွေ အများကြီး ရှိတာပေါ့လေ။ တချို့ရွာတွေမှာ ဆေးဝါးရှိပေမဲ့ ဝန်ထမ်းမရှိတာတွေ၊ တချို့ဒေသတွေမှာ ဝန်ထမ်းရှိပေမဲ့ ဆေးဝါးမရှိတာတွေ အဲဒါမျိုးတွေ ရှိတယ်။ တချို့ဒေသတွေမှာတော့ CHO က ခန့်ထားတဲ့ ဒေါက်တာတွေ ဖွင့်တဲ့ ဆေးခန်းတွေ ရှိတယ်။ ကောင်းမွန်တဲ့ဆေး မရှိတော့ ကျန်းမာရေး အဆောက်အအုံတွေလည်း အဆင်မပြေတော့ ဒီကနေ ရေဇွာ ထပ်ဆင့်လွှဲတာတွေ ရှိတယ်။ အဲဒီ ရေဇွာနဲ့ မတူပီကြားမှာလည်း မိုးရာသီဆိုတော့လေ အခက်အခဲ အများကြီးရှိတယ်။ လမ်းပြိုတာတွေ ဘာတွေရှိတယ်” လို့ ပြောပါတယ်။

လမ်းခရီးခက်ခဲတာကြောင့် မြို့သိမ်းအပြီး အိမ်ပြန်နေတဲ့ ဒေသခံတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ မလုပ်နိုင်သလို ဝင်ငွေရရှိမယ့် အလုပ်အကိုင်တွေလည်း မရှိကြတဲ့ အခြေအနေ ဖြစ်နေပြီး အလှူရှင်တွေကိုသာ မှီခိုနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မတူပီမြို့နယ်မှာက ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်မကနေ ဆေးဝါးဝယ်ယူရတာ ဖြစ်တဲ့အတွက် လမ်းခရီးဝေးလံတာကြောင့် ဝယ်ယူစရိတ်ထက် သယ်ယူစရိတ်က ပိုများနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

မတူပီမြို့နယ်က ကျန်းမာရေးဝန်ထမ်းတယောက်က “ဆေးဝါးသယ်ယူရတဲ့အခါမှာလည်း မိုးတွင်းဆိုတော့ အခက်အခဲ ဖြစ်နေတယ်ပေါ့နော်။ ဆေးတွေကလည်း လုံလုံလောက်လောက် ရနိုင်မယ့် ဝယ်နိုင်မယ့် အခြေအနေက ကျနော်တို့နဲ့ နီးတဲ့နေရာမှာ မရှိဘူး၊ နီးတဲ့မြို့တွေမှာ မရှိဘူးဆို‌တော့ ဒါ ခက်ခဲမှုတခုပဲလေ။ ဆေးဝါးဝယ်စရိတ်ထက် သယ်ယူစရိတ်က ပိုများနေတယ်။ ဥပမာ သိန်း ၃၀၀ နဲ့ ဝယ်မယ်ဆိုရင် ၁၀၀ ဖိုးလောက်ပဲ ဝယ်နိုင်တယ်။ ကျန်တဲ့ ၁၅၀ လောက်က သယ်ယူစရိတ်တွေ ဖြစ်ကုန်‌တော့ လိုအပ်သလောက် မရနိုင်ဘူး၊ လုံလုံလောက်လောက် မရနိုင်ဘူး” လို့ ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့ NGO အဖွဲ့အစည်းတွေသာ မတူပီဒေသထဲ ဝင်ရောက်ကူညီပေးနိုင်ရင် ပိုကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးလာနိုင်မှာဖြစ်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောကြပါတယ်။

မတူပီမြို့နယ်ဟာ ကျန်းမာရေးဝန်ထမ်းတွေ အင်အားနည်းတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးကြောင့် ကုန်စည်သယ်ယူရတာလည်း ဝေးကွာတဲ့အတွက် ဆေးဝါးဈေးနှုန်း မြင့်တက်တာတွေ ကြုံနေရတယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က “အဓိကက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာပေါ့လေ။ အလှမ်းကွာဝေးတာရယ်၊ လမ်းတံတားတွေ ပြိုကျတာ၊ လမ်းတွေ မြေဖုံးသွားတာတွေ ဆိုတော့ ကားတွေမသွားနိုင်တော့တာ၊ ဆိုင်ကယ်နဲ့ပဲ သွားရတာ၊ တခါတလေ ဆိုင်ကယ်တောင် သွားမရတာမျိုး၊ အဲဒီလိုမျိုးတွေရှိတာပေါ့၊ ဒေသခံဆရာဝန်တွေ မရှိတာ၊ သူနာပြုတွေ မရှိတာ၊ ကျန်းမာရေးစစ်စတန်တွေ မရှိတာက တပိုင်း၊ ဆေးဝါးတွေ သယ်ယူပို့ဆောင်ရေးအတွက် ခက်ခဲတာက တပိုင်း၊ ပြီးတော့မှ နယ်က ဖျားလာတဲ့သူတွေက မြို့ပေါ်လာဖို့ဆိုရင် မြေတွေပြိုနေတာ၊ လမ်းတွေပိတ်နေတာ၊ လမ်းတွေပျက်သွားတာ ဆိုတဲ့ အခက်အခဲတွေကြောင့်ပေါ့နော်” လို့ ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ မိုးရာသီကာလ ရာသီတုပ်ကွေး ဖြစ်ပြီး ဖျားနာမှုတွေနဲ့ ကာလဝမ်းရောဂါကြောင့် သေဆုံးသူတွေ ပိုများပြားနေရတယ်လို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013