DVB Logo
Home
မြန်မာသတင်း
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ကုန်သွယ်မှုလိုငွေပြ
DVB
·
July 24, 2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ကုန်သွယ်မှုလိုငွေပြ
Donate to DVB

၂၀၁၉ အောက်တိုဘာက စတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၆ လ အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ရှိတယ်လို့ အစိုးရတာဝန်ရှိသူက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောပါတယ်။

အဲ့ဒီ ၆ လအတွင်းမှာ မြန်မာ့စီးပွားရေးဟာ တိုးတက်မှုရှိခဲ့ပြီး ပို့ကုန်သွင်းကုန်ကဏ္ဍမှာ ပြီးခဲ့တဲ့နှစ် အလားတူကာလထက် တိုးတက်ခဲ့တယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ ၆ လပါတ်အစီရင်ခံစာကို လွှတ်တော်ကိုတင်သွင်းရာမှာ  ပြောပါတယ်။

“ ပထမ ၆ လပတ်မှာ ပို့ကုန်အနေနဲ့ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၈၂၂ ဒသမ ၉ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး ရည်မှန်းချက်ရဲ့ ၅၈ ဒသမ ၈ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ အများဆုံးတင်ပို့တဲ့ကုန်ပစ္စည်းတွေမှာချုပ်ပြီး အထည်၊ သဘာဝဓာတ်ငွေ့၊ ပဲအမျိုးမျိုး၊ သတ္ထုနဲ့သတ္ထုရိုင်း၊ ကျောက်စိမ်းတို့ဖြစ်ပါတယ်။ အများဆုံးတင်ပို့တဲ့နိုင်ငံတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဖြစ်ပါတယ်။”

သွင်းကုန်ကဏ္ဍမှာလည်း မနှစ်ကထက် အမေရိကန်ဒေါ်လာ ၁၆၂၇ ဒသမ ၈ သန်းပိုမိုတင်သွင်းခဲ့ပြီး ရေနံထွက်ပစ္စည်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေး နဲ့တပ်ဆင်ရေးပစ္စည်း၊ စက်နဲ့စက်ပစ္စည်း၊ချည်ထည်၊သံနဲ့သံမဏိ ဆောက်လုပ်ရေး ပစ္စည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပို့ကုန်သွင်းကုန်ကဏ္ဍ တိုးတက်လာခဲ့ပေမယ့် လိုငွေကလည်း ယခင်နှစ်ကထက် ပိုမိုလာခဲ့တာပါ။

ပထမ ၆ လပါတ်မှာ ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ ၁၃၂၆ ဒသမ ၉ သန်း လိုငွေပြခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီးလည်း ဒုဝန်ကြီးက “ ပို့ကုန်တင်ပို့မှု ပိုမိုလာခဲ့သော်လည်း သွင်းကုန်မှာ သံနဲ့သံမဏိဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါးပစ္စည်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနဲ့ တပ်ဆင်ရေး ပစ္စည်း ၊ချည်ထည်၊ စက်နဲ့စက်ပစ္စည်း၊ ရေနံထွက်ပစ္စည်းတွေတင်သွင်းမှု ပိုမိုလာခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ -၂၀၂၀ ပထမ ၆ လပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှုအနေနဲ့အ မေရိကန်ဒေါ်လာ ၂၄၅၀ ဒသမ၇ သန်း ပိုမိုကုန်သွယ်ခဲ့ပြီး အများဆုံးကုန်သွယ်ဖက်နိုင်ငံတွေမှာ တရုတ်၊ ထိုင်း ၊စင်္ကာပူ ၊ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ ဖြစ်တယ်လို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ ၆ လပတ်အစီရင်ခံစာမှာ  ဖော်ပြပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Photo- ပြည်ထောင်စုလွှတ်တော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013