DVB Logo
Home
မြန်မာသတင်း
သွင်းကုန်ပိတ်ထားသော်လည်း ကုန်သွယ်မှု လိုငွေပြ
DVB
·
May 23, 2026
Photo : DVB
Photo : DVB
Donate to DVB

ပြည်ပသွင်းကုန်တွေကို ကန့်သတ်ထိန်းချုပ်ထားတဲ့ကြားက ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု လိုငွေ ဆက်လက်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို လိုငွေပြတာဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ မန္တလေးငလျင် ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေ အများအပြား တင်သွင်းခဲ့ရသလို၊ ကမ္ဘာတဝန်း စက်သုံးဆီဈေးတွေ လည်း မြင့်တက်ခဲ့တာကြောင့် ဖြစ်တယ်လို့ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ စစ်အာဏာရှင်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးထွန်းအုံက ပြောပါတယ်။

ဒါကြောင့် လာမဲ့ ၂၀၂၆-၂၇ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ ထပ်မပြစေဖို့ ပြည်ပသွင်းကုန်တွေ နေရာမှာ ပြည်တွင်းထုတ်ကုန်တွေနဲ့ အစားထိုးနိုင်ရေးအတွက် ဒါတွေကို အဓိကထုတ်လုပ်ပေးနေတဲ့ ပြည်တွင်း MSME လုပ်ငန်းတွေကို အဓိကထား အားပေးမြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။

မေ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးမှာ ပြောခဲ့တာပါ။

ဒါ့အပြင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို အကောင်အထည်ဖော်ဖို့အတွက် ဦးစားပေးကဏ္ဍ ၁၄ ခုနဲ့ အထောက်အကူပြုကဏ္ဍ ၅ ခု၊ စုစုပေါင်းကဏ္ဍ ၁၉ ခုကို အတည်ပြုထားပြီး ဒီအတွက် အသေးစိတ်စီမံချက်တွေ ထွက်လာတာနဲ့ ဆက်လက်အကောင်အထည်ဖော်သွားဖို့ ရှိတယ် လို့လည်း အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုလိုငွေပြနေရတာဟာ သွင်းကုန်တန်ဖိုး မြင့်တက်နေတာကြောင့် တခု တည်းသာမကဘဲ၊ ပို့ကုန်ကနေ ပြန်လည်ရရှိတဲ့ နိုင်ငံခြားငွေ ဝင်ငွေနည်းပါးနေခြင်းကြောင့်လည်း ပါဝင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်အာဏာရှင်ဟာ နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချဖို့ဆိုပြီး ပြည်တွင်းထုတ် ကုန်စည်တွေကို ဦးစားပေး အစားထိုးသုံးစွဲစေဖို့ ရည်ရွယ်ပြီး ပြည်ပသွင်းကုန်တွေကို ကန့်သတ်ခဲ့တာပါ။ 

အဲဒီ သွင်းကုန်ကန့်သတ်မှုတွေကြောင့် ပြည်ပသွင်းကုန် (သွင်းအားစု) တွေကို မှီခိုနေရတဲ့ လုပ်ငန်း တွေ၊ အသေးစားနှင့် အလတ်စား စီးပွားရေး (SMEs) တွေဟာ ကုန်ကြမ်းပြတ်လပ်မှုကြောင့် ရပ်တန့် လု နီးပါး အခြေအနေအထိ ရိုက်ခတ်မှုရှိလာပါတယ်။

ဒါ့အပြင် သွင်းကုန်ပိတ်ပင်တဲ့ အကျိုးဆက်အနေနဲ့ စားသောက်ကုန်၊ လူသုံးကုန်နဲ့ ဆေးဝါးတွေရဲ့ ဈေးနှုန်းတွေကလည်း မြင့်တက်တာ၊ ပစ္စည်းရှားပါးပြတ်လတ်တာတွေ ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013