DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မှ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ရှာမတွေ့သေး
DVB
·
July 23, 2020
ကျောက်တော်မှ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ရှာမတွေ့သေး
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အင်ဘာရီကျေးရွာသူ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမှတ် ၃၃၉ နဲ့ Quarantine ဝင်နေစဉ်အတူထိတွေခဲ့တဲ့ ထွက်ပြေးသွားသူကို ဒီနေ့အချိန်ထိ ရှာမတွေ့သေးဘူးလို့ ကျောက်တော် မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။

ထွက်ပြေးသွားသူကို ကျောက်တော်မြို့နယ်မှာ ရှာမတွေ့တော့ဘဲ ပေါက်တောမြို့နယ်ရှိ ရွာကို ထွက်ပြေးသွားပြီဖြစ်ကြောင်း မိသားစုရဲ့ ပြောပြချက်အရသိရတယ် လို့ ဒေါက်တာ သန်းထွန်းဦးက ပြောပါတယ်။

“ထွက်ပြေးသွားတဲ့သူကို အခုအချိန်ထိရှာမတွေ့သေးဘူး။ ကျနော်တို့မြို့နယ်ထဲမှာတော့ မရှိတော့ဘူးလို့ သူ့ရဲ့မိသားစုဝင်တွေက ပြောတယ်။ ဆင်တက်မော်ရွာကို ထွက်ပြေးသွားတယ် လို့တော့ ပြောတယ်။ ကျနော်တို့ကတော့ ပြည်နယ်ကို အကြောင်းကြားထားတယ်။ သူ့ကို ဆက်လက်ရှာဖွေနေကြတယ်လို့”ပြောပါတယ်။

ထွက်ပြေးသွားသူ အဘူဆေယော် (၂၂) နှစ်မှာ ဇွန်လ ၁၆ ရက်နေ့က ကျေးရွာ အပြင်ဘက် တဲအိမ်တစ်ခုမှာ  အဘူမာရာစ်(၂၄)နှစ်နဲ့ အသက် ၂၇ နှစ်အရွယ်  ပိုးတွေ့လူနာ အမျိုးသမီးတို့ သုံးဦးမှာ Quarantine ဝင်နေစဉ် အပါက်ဝတိုက်နယ်မှာ  ဆေးစစ်ဖို့ ဓာတ်ခွဲနမူနာ ရယူခဲ့ပါတယ်။

အဆိုပါ သုံးဦးအနက် မဘု (၂၇ )နှစ်မှာ ရောဂါပိုးတွေ့ရှိပြီး ၊အဘူဆေယော် (၂၂ )နှစ်က ထွက်ပြေးသွားကာ အဘူမာရာဇ်မှာ ပိုးမတွေ့ရကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြော ပါတယ်။

ထွက်ပြေးသွားသူအဘူဆေယော် (၂၂) နှစ်ကို ရှာမတွေ့တာ ဒီကနေ့အထိဆိုရင် ၁၁ ရက်ကြာရှိနေပြီး ဒီကိစ္စ ပေါက်တောမြို့မရဲစခန်းနဲ့ ကျောက်တော်မြို့မရဲစခန်း ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ် ၃၃၉ မှာ ကျန်းမာရေး ကောင်းမွန်လာပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။ 

ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေရှ့်ကဝင်လာ သူတွေထဲက ဇူလိုင် ၁၆ ရက်နေ့ ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၁၅ ဦးရှိတဲ့အထဲက ၈ ဦးမှာ ရောဂါပြန်လည်ပျောက်ကင်း သွားတယ်လို့ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013