DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရှိ အစိုးရအထက်တန်းကျောင်းနှင့် ပုဂ္ဂိလကအထက်တန်းကျောင်း အားလုံးနီးပါး ဖွင့်လှစ်
DVB
·
July 23, 2020
မွန်ပြည်နယ်ရှိ အစိုးရအထက်တန်းကျောင်းနှင့် ပုဂ္ဂိလကအထက်တန်းကျောင်း အားလုံးနီးပါး ဖွင့်လှစ်
Donate to DVB

မွန်ပြည်နယ်အတွင်းရှိ  အစိုးရအထက်တန်းကျောင်းတွေနဲ့  ပုဂ္ဂိလက အထက်တန်းကျောင်း အားလုံး နီးပါးကို ဖွင့်လှစ်ခွင့် ပေးအပ်လိုက်ပြီး ဖြစ်ပါတယ်။ 

မွန်ပြည်နယ်မှာကျောင်းတွေ ဖွင့်လှစ်ဖို့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၀ ရက်နေ့မှာ ပြည်နယ်အတွင်းရှိ အထက်တန်းကျောင်း အားလုံးကို လိုက်လံစစ်ဆေးပြီးနောက် ဇူလိုင် ၂၁ ရက်မှာ ဖွင့်လှစ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အထက်တန်းကျောင်းတွေကို စစ်ဆေးရာမှာတော့ A အဆင့် ရတဲ့ အစိုးရ အထက်တန်းကျောင်း ၁၈၉ ကျောင်းနဲ့  ပုဂ္ဂိလကကိုယ်ပိုင် အထက်တန်းကျောင်း ၁၉ ကျောင်း စုစုပေါင်း ၂၀၈ ကျောင်းကို ဖွင့်လှစ်သင်ကြားခွင့် ပေးအပ်လိုက်ပြီလို့ မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ပြောပါတယ်။

ဒါအပြင် ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့ရဲ့ စစ်ဆေးမှုအရ B အဆင့် ရရှိခဲ့တဲ့ အစိုးရပိုင် အထက်တန်းကျောင်း ၃ ကျောင်းနဲ့ ပုဂ္ဂိလက အထက်တန်းကျောင်း ၁ ကျောင်းကိုတော့ ပြန်လည် ပြင်ဆင်ဖို့ ညွှန်ထားတာ ဖြစ်ပြီး ပြင်ဆင်ပြီးရင်တော့ ဖွင့်လှစ်ခွင့်ပေးအပ်သွားဖို့ ရှိနေပါတယ်။

ကျောင်းတွေ ဖွင့်လှစ်ရာမှာတော့ ၉ တန်းနဲ့ ၁၀ တန်းကို အချိန်ခွဲပြီး သင်ကြာပေးနေတာပါ။ ဒါအပြင် စာသင်ကြားရာမှာလည်း social distancing ဖြစ်အောင် တပတ်ခြား တစ်ခါ သင်ကြားရတဲ့ ကျောင်းတွေ ရှိသလို နှစ်ပတ်ခြား တစ်ခါ သင်ကြားရတဲ့ စာသင်ကျောင်းတွေ လည်း ရှိနေပါတယ်။

မွန်ပြည်နယ်မှာ အစိုးရပိုင် အထက်တန်းကျောင်း ၁၉၂  ကျောင်း၊ ပုဂ္ဂိလက ကိုယ်ပိုင် အထက်တန်းကျောင်း ၂၀ စုစုပေါင်း အထက်တန်းကျောင်း ၂၁၂ ကျောင်းရှိပြီး ကျောင်းသား ဦးရေ  ၃၆၀၀၀ ကျော် တက်ရောက်သင်ကြားနေပါတယ်။ 

သတင်း -  ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013