DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုမှုအများဆုံး Netflix ထိပ်တန်းရုပ်ရှင်ကား ၁၀ ကားစာရင်းဝင် -The Old Guard (နမူနာ)
DVB
·
July 21, 2020
ကြည့်ရှုမှုအများဆုံး Netflix ထိပ်တန်းရုပ်ရှင်ကား ၁၀ ကားစာရင်းဝင် -The Old Guard (နမူနာ)
Donate to DVB

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ စတင်ပြသခဲ့တဲ့ The Old Guard ရုပ်ရှင်ဟာ ရက်ပိုင်းအတွင်း Netflix ရဲ့ ကြည့်ရှုမှုအများဆုံးရုပ်ရှင် ၁၀ ကားစာရင်းထဲမှာ ပါဝင်နေခဲ့တယ်လို့ သိရပါတယ်။

စူပါဟီးရိုး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ Love & Basketball (2000) ၊ The Secret Life of Bees (2008) ၊ Beyond the Lights (2014) စတဲ့ ရုပ်ရှင်ကားတွေနဲ့ လူသိများတဲ့ အမေရိကန်အမျိုးသမီးရုပ်ရှင် ဒါရိုက်တာ Gina Prince-Bythewood က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီကားရဲ့ ဇာတ်လမ်းကျောရိုးကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိရင်တောင် ချက်ချင်းဆိုသလို ပျောက်ကင်းနိုင်စွမ်းရှိပြီး ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ထူးဆန်းတဲ့ မသေမျိုး စစ်သည်တော်အမျိုးသမီးတယောက်ဟာ သူ့လိုမျိုး မသေနိုင်တဲ့ စစ်သည်တွေကို စုဆောင်းပြီး သမိုင်းတလျှောက် စစ်ပွဲတွေမှာ မှန်ကန်တဲ့ဘက်က ရပ်တည်ပေးခဲ့တဲ့ အဖွဲ့တဖွဲ့အနေနဲ့ လျှို့ဝှက်စွာ နေထိုင်ခဲ့ကြရင်း ဒီနေ့ခေတ်ရဲ့ ပြိုင်ဘက်ရန်သူနဲ့ ရင်ဆိုင်ကြရပြီး သူတို့ကို ဖမ်းဆီးပုံတူပွားဖို့ လုပ်ဆောင်လာခဲ့ချိန်မှာတော့ ဘာတွေဆက် ဖြစ်လာမလဲ၊ သူတို့လျှို့ဝှက်ချက်တွေ မပေါက်ကြားဖို့ ဘယ်လိုတွေ ရင်ဆိုင်ကြရမလဲဆိုတဲ့  အကြောင်းတွေနဲ့ ဇာတ်အိမ်တည်ရိုက်ကူးထားခဲ့တာပါ။

ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီး အမျိုးသမီးသရုပ်ဆောင် Charlize Theron က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ KiKi Layne ၊ Marwan Kenzari ၊ Luca Marinelli ၊ Harry Melling တို့ကလည်း ပါဝင်ထားကြတာပါ။

ဒီရုပ်ရှင်ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၇၀ အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပြီး IMDB နဲ့ Rotten Tomatoes တို့လို ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက်ဒ်တွေမှာလည်း Rating ကောင်းကောင်း ရရှိထားခဲ့တာပါ။

ကြာမြင့်ချိန် ၁၂၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကို Netflix အွန်လိုင်းမီဒီယာပေါ်မှတဆင့် ပြသချိန်မှာတော့ ပထမသီတင်းပတ်မှာတင် ကြည့်ရှုမှုအများဆုံး စံချိန်တင်ရုပ်ရှင်ကားတကား ဖြစ်လာခဲ့တာပါ။

ဒီစစ်တမ်းကိုတော့ သီတင်းပတ် ၄ ပတ်အတွင်း ကောက်ယူထားခဲ့တာဖြစ်ပြီး Extraction ရုပ်ရှင်က ကြည့်ရှုသူ ၉၉ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ကြီး သူ့ နောက်မှာတော့ ကြည့်ရှုသူ ၈၉ သန်းနဲ့ Bird Box ရုပ်ရှင်၊ ကြည့်ရှုသူ ၈၅ သန်းနဲ့ Spenser Confidential ရုပ်ရှင်တွေက အသီးသီး ရှိနေခဲ့တာ ဖြစ်ပါတယ်။

လတ်တလော နာမည်ကြီး The Old Guard ကတော့ ကြည့်ရှုသူ ၇၂ သန်းနဲ့ ထိပ်တန်းရုပ်ရှင်ကား ၁၀ ကားစာရင်းမှာ နံပါတ် ၆ နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013