DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းကမ်းခြေများ မဖွင့်သေးခင်လာရောက်လည်ပတ်သူများကို မြို့ဝင်ဂိတ်မှ ပြန်လွှတ်နေ
DVB
·
July 21, 2020
ဧရာဝတီတိုင်းကမ်းခြေများ မဖွင့်သေးခင်လာရောက်လည်ပတ်သူများကို မြို့ဝင်ဂိတ်မှ ပြန်လွှတ်နေ
Donate to DVB

ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေ ပြန်ဖွင့်ပြီဆိုတဲ့ သတင်း အမှားတွေထွက်ပေါ်လာတာကြောင့် ကမ်းခြေဒေသကို လာရောက်လည်ပတ်သူတွေရှိလာလို့ မြို့အဝင်ဂိတ်ကနေစောင့်ပြီး နားလည်အောင်ပြောပြပြန်လွှတ်နေရတယ်လို့ ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက ဒီဗွီဘီကိုပြောပါတယ်။

"ဧည့်သည်တွေက ပြန်ဖွင့်ပြီထင်ပြီး လာကြတာ၊ အဲ့ဒီတော့ မြို့အဝင် စစ်ဆေးရေးဂိတ်ကနေ နားလည်အောင် ပြောပြပြီ ပြန်လွှတ်နေရတယ်၊ အမှန်က ဟိုတယ်တွေ တည်းခိုခန်းတွေ ပြန်ဖွင့် ဖို့အတွက်က စိစစ်နေတုန်းပါ၊ ခုဆိုရင်တော့ တည်းခိုခန်းတွေကို လိုက်စစ်နေပါပြီ"လို့ ပြောပါတယ်။

ကမ်းခြေဒေသက ဟိုတယ်တွေ တည်းခိုခန်းတွေဖွင့်လှစ်ဖို့အတွက် အထွေထွေအုပ်ချုပ်ရေး ဌာနက တာဝန်ရှိသူ၊ ရဲစခန်းမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူစွမ်းအားအရင်းအမြစ်ဝန်းကြီးဌာနက ဝန်ထမ်းတဦး၊ ဟိုတယ်ခရီးက ဝန်ထမ်း ၁ ဦးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး စတဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေက လိုက်လံစစ်ဆေးနေပြီဖြစ်ပြီး ဟိုတယ်တွေကိုတော့ စစ်ဆေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ပူးပေါင်းအဖွဲ့တွေ စစ်ဆေးပြီး သတ်မှတ်ထားတဲ့စည်းကမ်းတွေနဲ့ ကိုက်ညီလို့ ပြန်ဖွင့်ဖို့ အတွက် တင်ပြလာတဲ့ တည်းခိုခန်းတွေ ဟိုတယ်တွေကိုတော့ တိုင်းအစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြ ဆုံးဖြတ်သွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိရင် ပြန်လည်ခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိပြီးရင် လိုက်နာရမယ့် စည်းကမ်းတွေ ပြင်ဆင်ထားရမယ့် အချက်တွေကို ပြင်ဆင်မှုတွေကို ပြည့်ပြည့်စုံစုံဆောင်ရွက်ထားဖို့နဲ့ စိစစ်တဲ့အဖွဲ့တွေက လိုက်လံစစ် ဆေးတဲ့အခါ ရာနှုန်းပြည့် စိတ်ကျေနပ်စရာ ရာနှုန်းပြည့် ပြင်ဆင်ထားတာ တွေ့ရရင် ပြန်လည် ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံးနဲ့ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးရှိပြီး ၁ နှစ်ကို ခရီးသွား သိန်းနဲ့ချီ ဝင်ရောက်လည်ပတ်လေ့ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013