DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းက စားဝတ်နေရေးခက်ခဲနေသည့် မသန်စွမ်းသူများကို အခြေခံစားကုန်ထောက်ပံ့
DVB
·
July 21, 2020
မကွေးတိုင်းက စားဝတ်နေရေးခက်ခဲနေသည့် မသန်စွမ်းသူများကို အခြေခံစားကုန်ထောက်ပံ့
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်းမှာ စားဝတ်နေရေးအခက်အခဲတွေ့နေတဲ့ မသန်စွမ်းသူ ၁၅၀ ဦးကို ဇူလိုင် ၂၀ ရက်နေ့မနက်ပိုင်းက အခြေခံစားကုန်တွေနဲ့ ကိုဗစ်-၁၉  ရောဂါ အကာကွယ်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်းမှာ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ရုံးခွဲအနေနဲ့ မကွေး၊ မိကျောင်းရဲ၊ စလင်း ရုံးခွဲ သုံးခုရှိပြီး  ရုံးခွဲတစ်ခုကို ဦးရေ ၅၀ နှုန်းနဲ့ စုစုပေါင်း ၁၅၀ ဦးကို ထောက်ပံ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (မကွေးရုံးခွဲ)ဥက္ကဋ္ဌ ကိုနေစိုးလင်းက "ထောက်ပံ့တဲ့ပစ္စည်းတွေကတော့ တစ်ဦးကို ဆန်၊ ဆီ၊ ကုလားပဲ၊ ငါးသေတ္တာ ၂၀၀၀၀ ကျပ်ဖိုးစီ အပြင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးတာ" လို့ ပြောပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မကွေးရုံးခွဲ) တွဲဖက်အတွင်းရေးမှူး မဇွန်ပွင့်ဖြူ က "ကိုဗစ် ကာလအတွင်းမှာ မသန်စွမ်းသူတွေအနေနဲ့ စားဝတ်နေရေး အခက်ခဲဖြစ်ကြတဲ့ အထဲကနေ တော်တော်ကြီးကို အဆင်မပြေတဲ့သူတွေကို ကျေးရွာတွေထိ သွားရောက် ထောက်ပံ့ပေးတာ။ တချို့ဆိုရင်လည်း မိဘတွေမရှိတော့ဘဲ စားသောက်ဖို့ အခက်ခဲရှိကြတဲ့ မသန်စွမ်းတွေကို စိစစ်ရွေးထုတ်ပြီးမှ ထောက်ပံ့ပေးတာ"လို့ ပြောပါတယ်။

မကွေးမြို့နယ် မသန်စွမ်းသူ မချယ်ရီဖြိုး က "အလုပ်လုပ်နိုင်တဲ့ မသန်စွမ်းတွေ အနေနဲ့ အဆင်ပြေကြပေမဲ့ အလုပ်မလုပ်နိုင်ကြတဲ့ သူတွေအတွက် ရပ်တည်ဖို့ ခက်ခဲလို့ အခုလို ထောက်ပံ့ပေးတာ အရမ်းဝမ်းသာပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှာ နယ်ရုံးခွဲပေါင်း ၂၉ ခုရှိပြီးတော့ ကိုဗစ်-၁၉  ကာလ အတွင်းမှာ ပထမဆုံးအကြိမ် ထောက်ပံ့ပေးတာဖြစ်ပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013