DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့ စစ်ဘေးရှောင်စခန်းတချို့တွင် ရာသီတုပ်ကွေးရောဂါဖြစ်
DVB
·
July 20, 2020
မြောက်ဦးမြို့ စစ်ဘေးရှောင်စခန်းတချို့တွင် ရာသီတုပ်ကွေးရောဂါဖြစ်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတချို့မှာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်နေတဲ့သူတွေနဲ့ စခန်းတာဝန်ခံတွေက DVB ကို ပြောပါတယ်။

လူဦးရေ ၃၂၅၀ ရှိတဲ့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင်နေသူတချို့မှာ ရာသီတုပ်ကွေးရောဂါ ဖြစ်နေပြီး မြောက်ဦးမြို့ပေါ်က သျှစ်သောင်းဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းမှာလည်း လူဦးရေ ၄၀ နီးပါး ရာသီတုပ်ကွေး ရောဂါဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ခံတွေက ပြောဆိုပါတယ်။

“ဒီမှာတော့ လူဦးရေ သုံးလေးဆယ်လောက် တုပ်ကွေးဖြစ်နေတယ်။ ကလေးတွေရော၊ လူကြီးရော ဖြစ်တယ်။ တုပ်ကွေးဖြစ်နေတဲ့သူ သူတို့က နီးစပ်ရာဆေးခန်းတွေမှာ သွားပြီးတော့ ဆေးကုသနေကြရတယ်။ ကျနော်တို့ကတော့ သူတို့ကို ဆေးကုသဖို့ ငွေတော့မပေးနိုင်ဘူး။ ငွေက လုံလုံလောက်မရှိတာလို့ ဖြစ်ပါတယ်။” 

အဲဒီဒုက္ခသည်စခန်းတွေမှာ ကလေးငယ်တွေ အပါအဝင် လူကြီးပိုင်းတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေက ရာသီတုပ်ကွေးရောဂါဖြစ်နေ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ချောင်းဆိုးတာနဲ့ လည်းချောင်းနာတွေ၊ ကိုယ်လက်ကိုက်ခဲနေတာတွေ ဖြစ်နေတာလို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

တိမ်ညို စစ်ဘေးရှောင် စစ်ဘေးဒုက္ခသည်စခန်းက စခန်းတာဝန်ခံ ဦးဝေလှအောင်က “တုပ်ကွေးရောဂါဖြစ်နေသူတွေ ရှိတယ်။ ဘယ်နှယောက် တုပ်ကွေးဖြစ်နေတာကိုတော့ စာရင်းက ကောက်နေတုန်း။ ဖြစ်နေတဲ့သူတွေကတော့ သူတို့က ဆေခန်းသွားပြဖို့ဆိုရင် ကျနော်က ထောက်ခံချက်ပေးထားတယ်။ တိမ်ညိုဆေးရုံကိုပေါ့လို့”ပြောပါတယ်။

သျှစ်သောင်းဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းမှာ ဒုက္ခသည် လူဦးရေ ၄၈၇ ယောက်ရှိပြီး ရွာဟောင်းတော၊ ပေါက်တောပြင်၊ ဝေသာလီ၊ တောင်ဦးကျေးရွာနဲ့ ဘောင်းဒွတ်ကျေးရွာက လာရောက်ခိုလှုံနေကြတာလို့ ရှိရပါတယ်။

သျှစ်သောင်းဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းကို ရောက်ရှိနေတဲ့ ရွာဟောင်းတော ကျေးရွာက ဦးအောင်သိန်းက “ကျနော်လည်း တုပ်ကွေးဖြစ်နေတယ်။ ပထမတော့ တစ်ယောက် နှစ်ယောက် ဖြစ်တယ်။ နောက်တော့ လူဦးရေ ၄၀ နီးပါး ကူးစက်သွားတယ်။ ငွေကြေးကတော့ အဆင်မပြေဘူး။ ကိုယ့်မှာရှိတဲ့ပစ္စည်းတွေကို ရောင်းချပြီးတော့ ဆေးကုသနေရတယ်”လို့ ပြောပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့လူဦးရေ ၂ သိန်းနီးပါး ရှိလာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013