DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ရုပ်သိမ်းသွားသည့် နယ်ခြားစောင့်စခန်း ၂ ခု မီးလောင်၊ ဒေသခံများ စိုးရိမ်
DVB
·
July 20, 2020
ရခိုင်ပြည်နယ်တွင် ရုပ်သိမ်းသွားသည့် နယ်ခြားစောင့်စခန်း ၂ ခု မီးလောင်၊ ဒေသခံများ စိုးရိမ်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ဇူလိုင် ၁၈ ရက်နေ့က ရုပ်သိမ်းသွားတဲ့ နယ်ခြားစောင့်စခန်း ၂ ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ပြီး ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

သဇင်မြိုင်ကျေးရွာအနီး နယ်ခြားစောင့်စခန်း ၃ ခုနဲ့ ညောင်ပင်လှစခန်း ၁ ခုတို့ ဇူလိုင်လ ၁၈ ရက်နေ့က ရုပ်သိမ်းသွားပြီးနောက် ညနေပိုင်းမှာ စခန်းနှစ်ခု မီးလောင်ခဲ့တာပါ။ 

သဇင်မြိုင်ကျေးရွာသား ဦးလှသိန်းမောင်က "နယ်ခြားစောင့်တွေ ထွက်သွားကြတယ်။ သူတို့ ထွက်သွားလို့ သိပ်မကြာပါဘူး။ ညနေ ၄ နာရီလောက်မှာ စခန်း ၂ ခုက အဆောင်တွေ မီးထလောင်တယ်။ သူတို့ပဲ မီးရှိုခဲ့သလား၊ ဘယ်သူ မီးရှို့တာလည်း မသိပါဘူး။ စခန်းအနားတစ်ယောက်မှ မသွားရဲကြဘူး။ ပါကာဆောက်ထားတဲ့ အဆောင်တွေပဲ ကျန်တယ်။"

အိမ်ခြေ ၅၀၀ ခန့်ရှိ သဇင်မြိုင်ကျေးရွာဟာ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြား မေယုတောင်ခြေရင်းမှာ ရှိတာပါ။ အဲဒီကျေးရွာအနီးမှာ နယ်ခြားစောင့်လုံခြုံရေးစခန်း ၃ ခုရှိပြီး အင်အား ၆၀ လောက် ရှိတယ်လို့ သိရပါတယ်။ 

သဇင်မြိုင် နယ်ခြားစောင့်စခန်း ၁ ခုကို ပြီးခဲ့တဲ့ မေလ ၂၉ ရက် မနက်အစောပိုင်း အေအေအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲဝင် ၄ ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးခဲ့ပါတယ်။

ရုပ်သိမ်းသွားတဲ့ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာ နယ်ခြားစောင့် ကင်းစခန်းမှာလည်း ဇူလိုင် ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်က မီးလောင်ခဲ့တာကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ကျေးရွာသားတွေ ထွက်ပြေးနေကြတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ညောင်ပင်လှရွာက အိမ်ခြေ ၅၀ လောက်သာရှိပါတယ်။ ကင်းစခန်းကလည်း မနေ့က ရုပ်သိမ်းပြီး မီးလောက်တယ်လို့ သိရတယ်။ ရွာသူရွာသားတွေက တိုက်ပွဲဖြစ်မှာကို ကြောက်လို့ ထွက်ပြေးခဲ့ကြတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းအား ဆက်သွယ်မေးမြန်းရာမှာ စစ်တွေမြို့ကို ရောက်ရှိနေတာကြောင့် မသိရသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ကိုးတန်ကောက်၊ ချိန်ခါလီ၊ ဒုံးပိုက်၊ ဆင်ပိုက်ကျေးရွာတွေက ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသလို  အခုလို နယ်ခြားစောင့်တွေ ရုပ်သိမ်းသွားတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာမှာကို သေခံတွေ စိုးရိမ်နေကြပါတယ်။

၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းက တပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာသွားကြပြီးနောက် အဆောင်တချို့ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013