DVB Logo
Home
မြန်မာသတင်း
ဒေသန္တရအမိန့် လိုက်နာကြရန် မွန်ပြည်နယ် နယ်လုံဝန်ကြီး သတိပေး
DVB
·
July 20, 2020
ဒေသန္တရအမိန့် လိုက်နာကြရန် မွန်ပြည်နယ် နယ်လုံဝန်ကြီး သတိပေး
Donate to DVB

ရေတံခွန်နဲ့ အပန်းဖြေစခန်း သွားရောက်လည်ပတ်တာနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း ကိုင်တွယ်လို့ ရတာကြောင့် ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို ပြည်သူတွေ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လိုက်နာကြဖို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။ 

မွန်ပြည်နယ်မှာတော့ ရေတံခွန်နဲ့ အပန်ဖြေစခန်းတွေဟာ ၁၀ ခုထက်မနည်း ရှိနေတာပါ။ အဲဒီရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို အစိုးရက ကိုဗစ်-၁၉ ရောဂါ လူစုလူဝေးမဖြစ်အောင် ဇူလိုင် ၃၁ ရက်နေ့အထိ ပိတ်ထားပေမဲ့ လာရောက် လည်ပတ်သူတွေ နေ့စဉ်နဲ့အမျှ ရှိနေတာပါ။  

ဒါကြောင့် အခုလို ရေတံခွန်နဲ့ အပန်းဖြေစခန်း သွားရောက်လည်ပတ်တဲ့ ကိစ္စရပ်တွေကို ဥပဒေအတိုင်း ကိုင်တွယ်လို့ရတဲ့အတွက်ကြောင့် ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို လိုက်နာကြဖို့ လိုတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို  ဖွင့်လှစ်တာတွေ မလုပ်ဖို့လည်း သက်ဆိုင်ရာမြို့နယ်အဆင့်အထိ ထပ်ဆင့်ညွှန်ကြားစာတွေ ထုတ်ပြန်ထားတာပါ။

ဒီရေတံခွန်နဲ့ အပန်ဖြေစခန်းတွေကို စနေနေ့၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ အများဆုံး လာရောက် လည်ပတ်ကြတာဖြစ်ပြီး လာရောက်သူ အများစုဟာ ပိတ်ထားတဲ့ကြားက ခြံကျော်ပြီး  လည်ပတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီရေတံခွန်နဲ့ အပန်းဖြေစခန်းတွေဆီ လာရောက် လည်ပတ်နေမှုကို လူစုလူဝေးမဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်နေတဲ့အပြင် တားမြစ်ကန့်သတ်ချက်တွေကို ရပ်ကျေးအဆင့်အထိ ဖြန့်ဝေပေးထားတယ်လို့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောပါတယ်။

အခုလို ရေတံခွန်နဲ့ အပန်းဖြေစခန်းတွေကို လာရောက် လည်ပတ်ချိန်ကာလတွေအတွင်း ဇူလိုင် ၁၉ ရက်က မုဒုံမြို့နယ် ဂျုံးဂျုံးကျ ရေတံခွန်မှာ လူငယ် ၁ ဦး ရေနစ် သေဆုံးခဲ့ပါသေးတယ်။

လက်ရှိ အခြေအနေမှာ ကိုဗစ်-၁၉ ရောဂါဟာ ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက်ကြောင့် နေအိမ်အပြင်ထွက်ဖို့ မလိုအပ်တဲ့သူတွေအနေနဲ့ အပြင်မထွက်ဘဲကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။ 

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013