DVB Logo
Home
မြန်မာသတင်း
ဂျော်ဒန်တွင် အခက်အခဲကြုံနေသည့် မြန်မာအလုပ်သမား ၁၄၀ ပြန်လည်ရောက်ရှိ
DVB
·
July 19, 2020
ဂျော်ဒန်တွင် အခက်အခဲကြုံနေသည့် မြန်မာအလုပ်သမား ၁၄၀ ပြန်လည်ရောက်ရှိ
Donate to DVB

ဂျော်ဒန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမား ၁၄၀ ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပထမအကြိမ် ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဂျော်ဒန်နိုင်ငံရှိ Rich Pine၊ Century Miracle နှင့် Camel and Vega စတဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေပြီး နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် မြန်မာနိုင်ငံ ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမား အယောက် ၁၄၀ ကို မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) နဲ့ ‌ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၀၄:၄၅ နာရီအချိန်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

ပြန်ရောက်လာသူတွေကို ကျန်းမာရေး စိစစ်ရေးနဲ့ ၂၁ ရက်တာ အသွားအလာကန့်သတ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂျော်ဒန်နိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံ ပြန်ဖို့ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမားတွေကို ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ စတုတ္ထအပတ်အတွင်း ထပ်ခေါ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013