DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း အာဇာနည်နေ့အခမ်းအနား လုံခြုံရေးအင်အား ၂၃၀ ကျော် အသုံးပြု
DVB
·
July 19, 2020
စစ်ကိုင်းတိုင်း အာဇာနည်နေ့အခမ်းအနား လုံခြုံရေးအင်အား ၂၃၀ ကျော် အသုံးပြု
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ရဲတပ်ဖွဲ့ကနေ လုံခြုံရေးအင်အားကို မနှစ်ကထက် တိုးကာ အသုံးပြုထားပါတယ်။ 

မနှစ်က လုံခြုံရေး အင်အား ၁၀၀ ကျော်သာရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ရဲတပ်ဖွဲ့ လုံခြုံရေးတင် ၂၃၀ ကျော်အသုံးပြုကာ အရင်နှစ်ထက် ၁၀၀ ကျော်ပိုခဲ့ပါတယ်။

မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းညွန့်က "အဓိကကတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် လူစုလူဝေးမဖြစ်ဖို့ ထိန်းသိမ်းနိုင်ရေး အသုံးပြုတာပါ။ Social Distancing အတွက်ပါပဲ" လို့ ပြောပါတယ်။ 

ရဲတပ်ဖွဲ့အပြင် မီးသတ်တပ်ဖွဲ့၊ ထွေအုပ်၊ တပ်မတော်တို့က လုံခြုံရေးတွေကိုလည်း အသုံးပြုထားပါတယ်။ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း တဦးတယောက်ချင်းလာရောက်တာကနည်းပြီး အစုအဖွဲ့အလိုက် လာရောက်ပန်းခွေချ အလေးပြုတာတွေ ရှိပါတယ်။ 

မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က "ဒီနှစ်က ကိုဗစ်ကြောင့် ကြိုတင်ပြီးတော့ ဖိတ်ကြားတယ်။ အဖွဲ့အစည်းအသီးသီးကိုလည်း လူ ၅ ဦးသာ လာရောက်ဖို့ ကြိုတင်အသိပေးထားတယ်။ ဌာနဆိုင်ရာတွေကိုလည်း အရင်နှစ်တွေလို အားလုံးစုပေါင်း ချီတက်တာမျိုးတွေ မလုပ်ဖို့ ကော်မတီကနေ ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်" လို့ ပြောပါတယ်။ 

လာကောက်ဂါရဝပြုတဲ့ ပြည်သူတဦးက "ရောဂါကြောင့်ပြောရမလား၊ လုံခြုံရေးကြောင့်ပြောရမလား မနှစ်ကလောက်တော့ မစည်ကားဘူး" လို့ ပြောပါတယ်။ 

ကိုဗစ်ကြောင့် အာဇာနည်နေ့အခမ်းအနားကို လာရောက်အလေးပြုသူတွေအနေနဲ့ ဖိတ်ကြားထားသူတွေကလွဲလို့ အလေးပြုပြီး ပြန်လည်ထွက်ခွာပေးကြဖို့ အသိပေးတာတွေလည်း ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013