DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် အာဇာနည်နေ့အခမ်းအနား လူစုလူဝေးဖြင့်တက်ရောက်ခွင့်မပြု 
DVB
·
July 19, 2020
ဘားအံတွင် အာဇာနည်နေ့အခမ်းအနား လူစုလူဝေးဖြင့်တက်ရောက်ခွင့်မပြု 
1 / 9
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပြုလုပ်တဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်-၁၉ ကြောင့် လူစုလူဝေးနဲ့ တက်ရောက်တာ ခွင့်မပြုသလို ပြည်နယ်အဆင့်အကြီးအကဲ ၁၈ ဦးသာ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်စည်းကမ်းအတိုင်း တက်ရောက် ဂါရဝပြုခဲ့ပါတယ်။ 

ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က "ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် လူစုလူဝေးနဲ့တော့ ကျနော်တို့ လုပ်ခွင့်တော့မရပါဘူး။ ဗဟိုအဆင့်မှာ ကျင်းပတဲ့ ပုံစံအတိုင်းပဲ ပြုလုပ်တယ်" လို့ ပြောပါတယ်။

အခမ်းအနားမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ်သတိရအောက်မေ့ သတိရတဲ့အနေနဲ့ ၂ မိနစ်ခန့် ငြိမ်သက်တာ၊ လွမ်းသူ့ ပန်းခွေချဂါရဝပြုတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေက ကျောင်းထိုင်ဘုန်းကြီးသင်ကျောင်းမှာ သံဃာ ၅ ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ကရင်ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်မှာလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်အချိန် လူစည်းကားတဲ့နေရာတွေမှာ ​ဥသြဆွဲတာတွေ ပြုလုပ်သွားမှာပါ။

အခမ်းအနားကို တက်ရောက်ပြီး ဂါရဝပြုကြတဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့တွေအနေနဲ့ သတ်မှတ်နေရာကနေ လူ ၃ ဦးထက်မပိုဘဲ မော်တော်ယာဉ်တွေနဲ့ လာရောက်ပြီး ဂါရဝ ပြုခဲ့ကြပါတယ်။

နှစ်စဉ် ကရင်ပြည်နယ် ကျောက်တိုင်ကွင်းမှာ ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို ​ လူဦးရေ  ထောင်ချီ တက်ရောက်တယ်လို့ သိရပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013