DVB Logo
Home
မြန်မာသတင်း
လူငယ်ဒါရိုက်တာ အာဂသူရ ရိုက်ကူးသည့် အာဇာနည်နေ့ ဂုဏ်ပြုဇာတ်လမ်းတို(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ) 
DVB
·
July 19, 2020
လူငယ်ဒါရိုက်တာ အာဂသူရ ရိုက်ကူးသည့် အာဇာနည်နေ့ ဂုဏ်ပြုဇာတ်လမ်းတို(ရုပ်သံ)  (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ) 
Donate to DVB

လူငယ် ဒါရိုက်တာတယောက်ဖြစ်တဲ့ ဒါရိုက်တာ အာဂသူရ ရိုက်ကူးပုံဖော်ထားတဲ့ “သို့…ဖေဖေ”အမည်ရတဲ့ ဇာတ်လမ်းတိုရုပ်သံကို The Motivation Gallery ရဲ့ ဖေ့စ် ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့ပါတယ်။

ဒီဇာတ်လမ်းတိုကတော့ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာ နည်နေ့အကြို ဂုဏ်ပြုဇာတ်လမ်းအနေနဲ့ ရိုက်ကူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“၁၉.၀၇.၂၀၂၀ တွင်ကျရောက်သော (၇၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အား ရည်ညွှန်း၍ COVID-19 ကပ်ဘေးကာလအတွင်း နိုင်ငံ့အကျိုး အများပြည်သူအကျိုးအတွက် အနစ်နာခံပေးဆပ်ခဲ့ကြသော တာဝန်သိဝန်ထမ်းများနှင့် ပရဟိတ သူရဲကောင်းများစွာအား Motivation Gallery မှ “သို့/ ဖေဖေ” ဇာတ်လမ်းတိုလေးဖြင့် ကြိုဆို ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံတဝန်းမှ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော အာဇာနည်သူရဲကောင်းများစွာအား လေးစားဂုဏ်ပြုအောက်မေ့လျက်”

ဒါရိုက်တာ အာဂသူရဟာ မနှစ်က ရုံတင်ပြသခဲ့တဲ့ ယူရီ ရုပ်ရှင်ကားတကားတည်းနဲ့ ပရိသတ်တွေ အသိအမှတ်ပြုခဲ့ကြရတဲ့ လူငယ်တယောက် ဖြစ်ပါတယ်။

မျက်နှာသစ်လူငယ် ဒါရိုက်တာ၊ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ယူရီ ရုပ်ရှင်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

အာဂသူရက ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားခဲ့တဲ့ အဲဒီရုပ်ရှင်ထဲမှာတော့ မတူညီကြတဲ့ ဘဝနှစ်ခုကြား သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာကို ပေါင်းစပ်ပြီး ဆယ်ကျော်သက်လူငယ်သဘာဝ အခြေခံရိုက်ကူးတင်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။ ကျိန်စာမိနေတဲ့ ဝိညာဉ်မလေး ယူရီနဲ့  ကြောင်တောင်တောင်ကောင်လေး ဟန့်ခ်တို့ ၂ ယောက်ကြားက ဆက်နွှယ်နေတဲ့ ချစ်ခြင်းမေတ္တာ၊ သေခြင်းတရား၊ ခွဲခွာခြင်း စတဲ့ ခံစားမှုရသစုံနဲ့ ပုံဖော်ဖန်တီးထာတဲ့ ဒီရုပ်ရှင်ကားဟာ ပရိသတ်တွေ ရင်ထဲ အထိုက်အလျောက်တော့ နေရာယူနိုင်ခဲ့ပါတယ်။

ခုတခါ အချိန် ၁၀ မိနစ်ကျော်ကျော်သာ ရှိတဲ့ “သို့…ဖေဖေ”ဂုဏ်ပြုဇာတ်လမ်းတို ထဲမှာရော ဘယ်လိုမတူညီတဲ့ ရိုက်ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးတင် ဆက်ထားမလဲဆိုတာကိုတော့ ဒီရုပ်သံထဲမှာ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013