DVB Logo
Home
မြန်မာသတင်း
မိုင်းကိုင်၊ ဖလမ်းနှင့် ပလက်ဝမြို့တို့တွင် မြေငလျင်လှုပ်
DVB
·
July 19, 2020
မိုင်းကိုင်၊ ဖလမ်းနှင့် ပလက်ဝမြို့တို့တွင် မြေငလျင်လှုပ်
Donate to DVB

ရှမ်းပြည်နယ် မိုင်းကိုင်မြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၀၈ မိနစ်၊ ၂၂ စက္ကန့်အချိန်က မိုင်းကိုင်မြို့ရဲ့ အနောက်မြောက်ဘက် ၂၇ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၈၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၂၀ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ဖလမ်းမြို့တို့မှာလည်း မနေ့ညက ငလျင်အသီးသီး လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၂ နာရီ၊ ၂၉ မိနစ်၊ ၃၈ စက္ကန့်အချိန်က ပလက်ဝမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၂၅ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၀၂ ဒီဂရီ၊ အနက် ၁၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။

အလားတူ ဇူလိုင် ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၃၁ မိနစ်၊ ၃၅ စက္ကန့် အချိန်က ဖလမ်းမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၄၄ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013