DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ယခုလအတွင်း မြစ်ရေ စိုးရိမ်ရေမှတ်မြင့်နိုင်၊ သတိပေးချက် လိုက်နာရန် အကြံပြု
DVB
·
July 18, 2020
ဧရာဝတီတိုင်းတွင် ယခုလအတွင်း မြစ်ရေ စိုးရိမ်ရေမှတ်မြင့်နိုင်၊ သတိပေးချက် လိုက်နာရန် အကြံပြု
1 / 2
Donate to DVB

ဧရာဝတီတိုင်းမှာ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်တာကြောင့် မြို့နယ်အချို့မှာ မြစ်ရေစိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့် မြင့်တက်လာနိုင်တယ်လို့ တိုင်းဒေသကြီးမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အချက်အလက်တွေအရ သိရပါတယ်။

ဇူလိုင်လမှာ မုတ်သုံလေအားပျက်ခြင်း ၁ ကြိမ်ဖြစ်ပေါ်နိုင်လို့  ဧရာဝတီတိုင်းမှာ ရွာသွန်းမြဲခန့် ထစ်ချုန်းရွာနိုင်ပြီးတော့ မိုးရွာမှုအနေနဲ့ကတော့ ဧရာဝတီတိုင်းမှာ ဇူလိုင် ၂၁ ရက်ကနေ့ ၂၆ ရက်နေ့ထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ တိုင်းဒေသကြီးမိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်စိုးစိုးလွင်က DVB ကို ပြောပါတယ်။

“မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်ကြောင့်မို့ လျှပ်တပြတ် ရေကြီးတာတွေနဲ့ မြေပြိုတာတွေ ဖြစ်လို့ ကုန်းမြင့်နေ နေထိုင်တဲ့သူတွေနဲ့ မြေပြိုမှုအန္တရာယ်နဲ့  မြစ်ငယ် ချောင်းငယ်ဘေးမှာ နေထိုင်တဲ့ ရေကြီးရေလျှံ အန္တရာယ်တွေရှိနိုင်လို့ မိုးဇလကနေ ထုတ်ပြန်ထားတဲ့ ခန့်မှန်းချက်တွေ သတိပေးချက်တွေကို လိုက်နာဆောင်ရွက်ဖို့အတွက် အကြံပြုချင်ပါတယ်”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ မိုးသန်းထည်စွာရွာသွန်းမှုကြောင့် မြစ်ရေအခြေအနေမှာ ဇူလိုင်လအတွင်း ဆိတ်သာ၊ ဇလွန်၊ ဟင်္သာတ၊ သာပေါင်းနဲ့ ငါးသိုင်းချောင်း စတဲ့ မြို့နယ်တွေနဲ့ နီးစပ်ရာ မြို့နယ်တွေမှာ မြစ်ရေစိုးရိမ်ရေအမှတ် ၁ ကြိမ်စီ မြင့်တက်လာနိုင်တယ်လို့  ပြောဆိုထားပါတယ်။

မြစ်ရေကတော့ ဧရာဝတီမြစ်အနေနဲ့ ဆိတ်သာ၊ ဇလွန်၊ ဟင်္သာတမြို့မှာ စိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့် ငဝန်မြစ်ရေဟာ သာပေါင်းမြို့နဲ့ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေအမှတ်ကို ၁ ကြိမ်ခန့် နဲ့ မအူပင်တိုးမြစ်အနေနဲ့ ၁ ကြိမ်ခန့် စိုးရိမ်ရေအမှတ်ကို မြင့်တက်နိုင်တယ်လို့ ခန့်မှန်ထားပါတယ်။

ဧရာဝတီတိုင်းမှာ မြစ်ရေကြီးလာရင် ရေကြီးနစ်မြုပ်တဲ့ဒေသတွေကို အရေးပေါ် ကယ်ဆယ်ဖို့နဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို ကြိုတင်ဆောင်ရွက်တာတွေ ပြုလုပ်ထားပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၉ ခုနှစ် ဧရာဝတီတိုင်းမှာ မြစ်ရေကြီးမှုကြောင့် ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ သာပေါင်း၊ ငါးသိုင်းချောင်း စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီ)ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013