DVB Logo
Home
မြန်မာသတင်း
သတင်းတု၊ သတင်းမှားဖြန့်ဖြူးရန် ငွေပုံပေးပြီး ခိုင်းစေသူများကို ဖော်ထုတ်အရေးယူမည် 
DVB
·
July 17, 2020
သတင်းတု၊ သတင်းမှားဖြန့်ဖြူးရန် ငွေပုံပေးပြီး ခိုင်းစေသူများကို ဖော်ထုတ်အရေးယူမည် 
Donate to DVB

သတင်းတု၊ သတင်းမှားတွေကို ဖြန့်ဖြူးဖို့အတွက် နောက်ကွယ်ကနေ ငွေပုံပေးပြီး စေခိုင်းသူတွေကို ဖော်ထုတ်ရရှိပါက ဥပဒေတွေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရရဲ့ ၄ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတုန်းက ဦးဇော်ဌေးအနေနဲ့ သတင်းတု၊သတင်းမှားတွေကို အဖွဲ့အစည်းလိုက် လုပ်ဆောင်မှုတွေရှိနေပြီး အထူးသဖြင့် နေပြည်တော် အသိုင်းအဝိုင်းထဲမှာ ရှိနေတယ်လို့ ပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ မမှန်မကန်တဲ့ သတင်းတွေကို ဖြန့်ဖြူးဖို့အတွက် လုပ်နေတာတွေ့ရပြီး နောက်ကွယ်က စေခိုင်းသူတွေကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဦးဇော်ဌေးက “ နောက်ကွယ်က ငွေပုံပေးပြီးတော့ ခိုင်းစေတဲ့သူ၊မည်သူမဆို၊ ကျနော်တို့ ဥပဒေနဲ့အညီ နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ စသဖြင့် သက်ဆိုင်ရာဥပဒေတွေ ရှိပါတယ်။ အဲ့တာတွေနဲ့ ငြိစွန်းသွားနိုင်ပါတယ်။ အရေးယူတာတွေခံရနိုင်တယ်ဆိုတာ ကျနော်တို့ သတိပေးတာဖြစ်တယ် ” လို့ ဇူလိုင် ၁၇ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် သတင်းမီဒီယာသမားတွေလည်း ရပ်တည်ဖို့ခက်ခဲနေချိန်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေက ငွေပုံပေးပြီး စည်းရုံးကာ သတင်းအမှားတွေ ဖြစ်ပေါ်လာစေဖို့ ဖန်တီးလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဇော်ဌေးက “ ဒီကာလမှာ တကယ့်ကို အားလုံးခက်ခဲနေသလို မီဒီယာတွေမှာလည်း အခက်အခဲတွေကြုံတယ်။ တချို့ဆိုရင် လူတွေ လျော့တာ၊ လစာတွေလျှော့တာရှိတယ်။ ဒီအပိုင်းမှာလည်း တကယ့်ကို မီဒီယာကို ယုံယုံကြည်ကြည်နဲ့ ခံယူချက်ကောင်းကောင်းနဲ့ လုပ်နေတဲ့လူတွေက တပိုင်း၊ ဒီအပေါ်ကို အသုံးချပြီး အဖွဲ့စည်းတွေ၊ပါတီတွေက စည်းရုံးပြီးတော့ ကမ်ပိန်းတွေပေါ့၊ သတင်းတု၊သတင်းမှားကမ်ပိန်းတွေ လုပ်လာတာကတပိုင်း။ ဒါကိုတော့ ခွဲခွဲခြားခြားမြင်ဖို့ လိုတယ် ” လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

သတင်းမီဒီယာတိုက်တွေနဲ့ ကျင့်ဝတ်နဲ့အညီဆောင်ရွက်နေတဲ့ သတင်းသမားတွေကို ဆိုလိုခြင်းမဟုတ်ပေမယ့် နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေထံက ငွေကြေးရယူကာ တရားဝင်သတင်းမီဒီယာထူထောင်ပြီး ဘက်မမျှတဲ့ သတင်းဖော်ပြချက်မျိုးတွေကို ဆိုလိုခြင်း ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013