DVB Logo
Home
မြန်မာသတင်း
သမ္မတရုံးညွှန်ချုပ်ဟောင်း ဦးဇော်ဌေး နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်
DVB
·
May 23, 2022
သမ္မတရုံးညွှန်ချုပ်ဟောင်း  ဦးဇော်ဌေး  နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်
Donate to DVB

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်နဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဌေး အသက် ၅၀ နှစ်ဟာ မေ ၂၃ ရက် ဒီနေ့မနက်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

ဦးဇော်ဌေးဟာ နေအိမ်မှာ ဒီမနေ့ မနက် ၉ နာရီ ၁၅ မိနစ်လောက်က Heart Attack ဖြစ်လို့ ဆေးရုံသွားတာ လမ်းမှာတင် ဆုံးသွားတယ်လို့ သူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဦးဇော်ဌေးဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုအထိ  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သလို အန်အယ်လ်ဒီအစိုးရကာလ သမ္မတဦးထင်ကျော်နဲ့ ဦးဝင်းမြင့်တို့ လက်ထက်မှာလည်း နိုင်ငံတော်သမ္မတရုံးနဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ်နဲ့  သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်မှာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လမှာ  ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။ 

ဦးဇော်ဌေးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး တပ်မတော်မှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

စစ်အစိုးရလက်ထက် ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း လက်အောက်က ဝန်ကြီးချုပ်ရုံးမှာလုပ်ကိုင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းကွယ်လွန်ပြီးနောက် ၂၀၀၇ ခုနှစ်မှာ စစ်ဘက်ကနေ အငြိမ်းစားယူခဲ့ပါတယ် ။

၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်  ၂၀၁၁ ခုနှစ်က ဝန်ကြီးချုပ်ရုံးကို ဖျက်သိမ်းပြီး နိုင်ငံတော်သမ္မတရုံး ပေါ်ပေါက်လာတဲ့အခါ ဦးဇော်ဌေးဟာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးတာဝန်နဲ့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အန်အယ်ဒီအစိုးရတက်လာချိန်မှာတော့ ဦးဇော်ဌေးဟာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနရှိ ပြည်​ထောင်စုငြိမ်းချမ်း​ရေး​ ဖော်​ဆောင်​ရေးဦးစီးဌာနမှာ  ညွှန်ကြားရေးမှူးချုပ် ခန့်အပ်ခြင်း ခံခဲ့ရသလို အစိုးရအဖွဲ့ ပြောခွင့်ရှိသူအဖြစ်လည်း နိုင်ငံတော်သမ္မတ အိမ်တော်သတင်းစာရှင်းလင်းပွဲတွေကို  ဦးဆောင်ကျင်းပခဲ့ပါတယ်။

ဦးဇော်ဌေးဟာ မှူးဇော်ဆိုတဲ့ ကလောင်နာမည်နဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာလည်း ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013