DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူလတ်ပိုင်းအရွယ် နှလုံးနှင့် သွေးကြောရောဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကျော်ရှိ 
DVB
·
September 30, 2026
Photo: MOH 
Photo: MOH 
Donate to DVB

မြန်မာနိုင်ငံမှာ လာမဲ့ ၁၀ နှစ်အတွင်း နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်လာနိုင်ခြေဟာ အသက် ၄၀ ကနေ ၆၉ နှစ် အရွယ်တွေမှာ ၂၀ ရာခိုင်နှုန်းနဲ့ အထက်ရှိနေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ဒု၀န်ကြီးက စက်တင်ဘာ ၂၉ ရက်က ကျင်းပတဲ့ ကမ္ဘာ့နှလုံးကျန်းမာရေး နေ့ အခမ်းအနားမှာ ပြောပါတယ်။

WHO ရဲ့ အချက်အလက်အရ ကမ္ဘာတဝန်းမှာ နှလုံးနဲ့ သွေးကြောရောဂါကြောင့် နှစ်စဉ် လူအယောက် ၁၉ ဒသမ ၈ သန်းကျော် သေဆုံးရာမှာ သေဆုံးမှုများရဲ့ ၈၅ ရာခိုင်နှုန်းက နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ် သေဆုံးခြင်းနဲ့ ဦးနှောက်သွေးကြော ပိတ်ခြင်းကြောင့်၊ ဦးနှောက်သွေးကြောပေါက်ခြင်းကြောင့်နဲ့ လေဖြတ်ခြင်းကြောင့်လည်းကောင်း သေဆုံးနေရတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်က ကောက်ယူခဲ့တဲ့ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားစေတဲ့ အကြောင်းရင်း စစ်တမ်းမှာ အရွယ်ရောက်သူ ၂၄ ဒသမ ၄ ရာခိုင်နှုန်းမှာ သွေးတိုးရောဂါရှိနေပြီး အသက် ၄၀ ကနေ ၆၉ နှစ် အရွယ်တွေမှာ နှလုံးနဲ့ သွေးကြောရောဂါရှိသူ ၁၃ ဒသမ ၄ ရာခိုင်နှုန်း ရှိနေကာ နောက်လာမဲ့ ၁၀ နှစ်အတွင်း နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်လာနိုင်ခြေ ၂၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတယ်လို့ ဒု၀န်ကြီးက သတိပေးထားပါတယ်။

ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာတွေ စားသုံးခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သုံးစွဲမှုနဲ့ အရက်သေစာအလွန်အကျူးသောက်တာတွေကို ရှောင်ကြဉ်ဖို့၊ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်လုပ်တာနဲ့ စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင် ပြုမူနေထိုင်ခြင်းတို့နဲ့ နှလုံးနဲ့ သွေးကြော ရောဂါ ဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်တယ်လို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍသည် ဘက်ပေါင်းစုံမှ အဘက်ဘက်က ယိုယွင်းပျက်စီးမှုနဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာပါ။

Source: MOH 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013