DVB Logo
Home
မြန်မာသတင်း
အာဇာနည်နေ့တွင် Big Bag အဖွဲ့ အွန်လိုင်းဂီတဖျော်ဖြေပွဲလုပ်မည်
DVB
·
July 16, 2020
အာဇာနည်နေ့တွင် Big Bag အဖွဲ့ အွန်လိုင်းဂီတဖျော်ဖြေပွဲလုပ်မည်
Donate to DVB

       နာမည်ကြီး အဆိုတော် တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Big Bag အဖွဲ့ရဲ့ အွန်လိုင်းဂီတ ဖျော်ဖြေပွဲတခုကို လာမယ့် ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့မှာ စတင်ကျင်းပသွားဖို့ ရှိ နေပါတယ်။

       TayTune Online Music Tour with Big Bag Band လို့ အမည်ပေးထားတဲ့ ဒီ ဖျော်ဖြေပွဲကိုတော့ Tay အပလီကေးရှင်းနဲ့အတူ ပူးပေါင်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။

       Big Bag အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ကျားပေါက်(ခ)ဟန်ထူးလွင်ဟာ နာမည်ကြီး အဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေး တယောက်ဖြစ်ပြီး ဖခင်နဲ့ မတူညီတဲ့ ဆူညံပေါက်ကွဲ လွယ်တဲ့ ပန့်ခ်အမျိုးအစား သီချင်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

    ပန့်ခ်အကြောင်းမပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့်စတဲ့ တ ကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသား သီဆိုအောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာ တွေကိုလည်း လုပ်ဆောင်နေသူတယောက်ပါ။

       ခုလတ်တလော Tay အပလီကေးရှင်းနဲ့အတူ ပူးပေါင်းတင်ဆက်မှုကိုတော့ အခု လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၉ ရက်နေ့အထိ သီတင်းပတ် ၄ ပတ်တိုင် တိုင် တနင်္ဂနွေနေ့ည ၈ နာရီတိုင်းမှာ TAY နဲ့ Big Bag အဖွဲ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင် တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လိုက်ဖ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။

“တနင်္ဂနွေ အပတ်စဉ်... ည (၈)နာရီ… TAY Page + Big Bag Band Official Page နှစ်ခုမှာ Premiere Live လွှင့်ပြီး… သီချင်း အကြမ်းစားတွေရော၊ အနုစားတွေရော… တင်ဆက်ပေးဖို့ရှိတယ်… သူငယ်ချင်းတွေကို လက်တို့ထားလိုက်တော့… #Tay #TayTuneOnlineMusicTour #BigBagForever”

       Tay အပလီကေးရှင်း ဆိုတာကတော့ ရုပ်သံဂီတဖျော်ဖြေမှုတွေကို အင်တာနက် ပေါ်ကနေ အခမဲ့ ကြည့်ရှုနိုင်မယ့် အွန်လိုင်းပလက်ဖောင်းတခုဖြစ်ပြီး ပြီးခဲ့တဲ့လတွေတုန်း ကတော့ တေးသံရှင် နီနီခင်ဇော်ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ အောင်ထက်ရဲ့ ဖျော်ဖြေတင် ဆက်မှုတွေကို ထုတ်လွှင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013